Monday, June 30, 2014

နိုင်ငံရေးတစ်ခုတည်းကိုလုပ်ဆောင်နေခြင်းမဟုတ်၊ နိုင်ငံ့အရေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှူးပြောကြား


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အသင်းဘဝ မှ နိုင်ငံရေးပါတီတစ်ခုအဖြစ် ပြောင်းလဲခဲ့သော်လည်း အသင်း ဘဝကပင် ပြည်သူလူထုလိုအပ် ချက်၊ ဒေသလိုအပ်ချက်များကို ဆောင်ရွက်
ခဲ့သောကြောင့် မိမိတို့ ပါတီသည် နိုင်ငံရေးတစ်ခုတည်း ကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဗဟိုကော်မတီ အထွေ ထွေအတွင်းရေးမှူး ဦးမောင်မောင် သိမ်းက ယမန်နေ့တွင် ပါတီဝင်များ အားပြောကြားသည်။ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီခန့်က ပြုလုပ်သော တွေ့ဆုံပွဲ တွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ''အရင်တုန်းက ဘာတွေလုပ်ခဲ့သလဲ။ အသင်းဘဝ ကတည်းက ပြည်သူလူထုလိုအပ် ချက်၊ ဒေသလိုအပ်ချက်တွေကို ဆောင်ရွက်ခဲ့တယ်။ ဒါ့အပြင် နိုင်ငံတော်ကာကွယ်စောင့်ရှောက် တာတွေ လုပ်ခဲ့တယ်။ ပြည်သူ့ ပါတီဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဆောင်ရွက်တယ်'' ဟု ၄င်းကပြောသည်။ အခမ်း အနားသို့ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ၊တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးထင်အောင်ကျော်နှင့်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ခရိုင်/မြို့နယ်ပါတီဝင် များတက်              ရောက်ကြသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြိတ်၊ ထားဝယ်တို့သည် လစ်လပ်မဲဆန္ဒနယ်များဖြစ်ကြပြီး လာမည့်ရွေးကောက်ပွဲအောင်နိုင် ရေးအတွက် ကြိုးစားဆောင်ရွက်စေလိုကြောင်း အထွေထွေ အတွင်းရေးမှူး ကပြောကြားသည်။ ထို့နောက် ပါတီဝင်များက မိမိတို့ဒေသအခြေအနေများ ကိုတင်ပြခဲ့ကြသည်။

No comments:

Post a Comment

back to top