Sunday, June 29, 2014

ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှု စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ယူက ရိန်းနိုင်ငံ


ယူကရိန်နိုင်ငံ၏ ယခင်သမ္မတ Viktor F. Yanukovych က ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးသဘောတူ စာချုပ် ချုပ်ဆိုရန် ငြင်းဆိုခဲ့ပြီး တစ်ဖက်တွင်၎င်းအာဏာကျဆင်းအောင်ပြုလုပ်မည့် ဆန္ဒပြမှုများ ဖြစ်ပေါ် လာစေခဲ့ပြီးနောက် (၇) လအကြာတွင် ယူကရိန်းခေါင်းဆောင်သစ်က သောကြာနေ့တွင် သဘောတူစာချုပ်အား အပြီးသတ်လက်မှတ်ရေးထိုးခဲ့သည်။ တစ်ဖက်တွင် ရုရှသည် နိုင်ငံ၏ကိုယ်ပိုင်စီး ပွားရေး နှင့် ယခင်ဆိုဗီယက်ယူနီယမ်၏ မဟာဗျူဟာမြောက်အကျိုးစီးပွားတို့ကို ခြိမ်းခြောက်သည်ဟုဆို ကာ ခါးခါးသီးသီး ဆန့်ကျင်နေခဲ့သည့်ကြားက အဆိုပါ သဘောတူချက်အားပြုလုပ် ခဲ့ခြင်း ဖြစ် သည်။ မော်စကိုအနေဖြင့် ထိုသို့မလုပ်ဖြစ်အောင်တားမြစ်နေသည့်ကြား က ရှေ့တိုး ဆောင် ရွက်ခဲ့သည့် အဆိုပါသဘောတူညီချက်ကြောင့် ဆိုးဝါးသောအကျိုး ဆက်များဖြစ်ပေါ်လာမည်ဟု ရုရှဒုတိယ နိုင် ငံခြားရေး ၀န်ကြီး၏ ပြောကြားချက်အား ကိုးကားပြီး မော်စကိုရှိ Interfax သတင်းဌာနက ဖော်ပြခဲ့သည်။

No comments:

Post a Comment

back to top