Friday, June 27, 2014

ကွစ်ကင်းလုန်း နေရှင်နယ်ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ် ပြန်လည် ယှဉ်ပြိုင်မည်






ကျောဒဏ်ရာကြောင့် (၃)လကြာ နားနေရတဲ့ အမေရိကန် ဂေါက်သီးသမား တိုက်ဂါးဝုဒ်ဟာ ကွစ်ကင်းလုန်း နေရှင်နယ် (Quicken Loans National) ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘီသက်စဒါမြို့မှာ ဇွန်(၂၆)ရက်ကနေ (၂၉)ရက်အထိ ကျင်းပမှာပါ။ အဲဒီပြိုင်ပွဲဟာ တိုက်ဂါးဝုဒ်ကိုယ်တိုင် ဦးစီးကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲကရတဲ့ အတျိုးအမြတ်တွေကို သူ့ရဲ့ပရဟိတ ဖောင်ဒေးရှင်းမှာ သုံးပါတယ်။

No comments:

Post a Comment

back to top