Monday, June 30, 2014

မီတာ(၈၀၀) ပြေးပွဲကို ကိုယ်ဝန်(၈)လနဲ့ မွန်တာနို ပြိုင်ပွဲဝင်






မီတာ(၈၀၀)ပြေးပွဲမှာ (၄)ကြိမ်တိုင်ချန်ပီယံဆု ရယူထားတဲ့ အလီရှာမွန်တာနိုဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆာခရာမင်တိုမြို့မှာ သောကြာနေ့က ကျင်းပတဲ့ ပြေးခုန်ပစ်ပြိုင်ပွဲမှာ ကိုယ်ဝန်(၈)လနဲ့ ၀င်ပြိုင်ခဲ့ပါတယ်။
အဲဒီအမေရိကန် ပြေးခုန်ပစ်ပြိုင်ပွဲ မီတာ(၈၀၀)ပြေးပွဲကို မွန်တာနို ပြိုင်တဲ့အချိန်မှာ သူ့ကိုယ်ဝန်ဟာ တိတိကျကျဆိုရင် (၃၄)ပတ်ရှိပါပြီ။ အသက်(၂၈)နှစ်ရှိ မွန်တာနိုက"ကျွန်မကတော့ ဆက်လေ့ကျင့်ရမှာကို ကြောက်နေပါတယ်။ ဒါပေမယ့် ဆေးအဖွဲ့က အန္တရာယ်မရှိပါဘူးလို့ ပြောပါတယ်။ ဒါကကျွန်မရဲ့ ပထမဆုံးကိုယ်ဝန်ပါ။ တစ်ခုခုဖြစ်မှာတော့ စိုးရိမ်ပါတယ်။ ကျွန်မဆရာဝန်နဲ့ သားဖွားဆရာမကတော့ အားပေးပါတယ်"လို့ ပြောပါတယ်။ မွန်တာနိုက အနိုင်မရမှန်း သိပေမယ့် ကိုယ်ဝန်ဆောင် အပြေးမယ်တစ်ဦး ပြိုင်ပွဲဝင်နိုင်တယ်ဆိုတာကို တစ်ကမ္ဘာလုံး သိစေချင်လို့ ပြေးတာပါလို့လည်း ပြောပြပါတယ်။ မွန်တာနိုဟာ မီတာ(၈၀၀) လူရွေးပွဲမှာ (၂)မိနစ်(၃၂ဒသမ၁၃)စက္ကန့်နဲ့ နောက်ဆုံးနေရာက ပန်းဝင်ခဲ့ပါတယ်။ ကိုယ်ဝန်နဲ့ ပြေးပေမယ့် မွန်တာနိုရဲ့ စံချိန်ဟာ (၂၀၁၀)ပြည့်နှစ်က သူပြေးခဲ့တဲ့ အကောင်းဆုံးစံချိန် (၁)မိနစ်(၅၇ဒသမ၃၄)စက္ကန့်ထက် (၃၅)စက္ကန့်ပဲ ပိုကြာခဲ့ပါတယ်။

No comments:

Post a Comment

back to top