Monday, June 30, 2014

နောက်ထပ်တာတိုပစ်ဒုံးကျည်များစမ်းသပ် ပစ်ခတ်ခဲ့သည့် မြောက် ကိုရီးယား


မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီကာလက ပစ်မှတ်အားပိုမိုတိကျစွာချိန်ရွယ်ပစ်ခတ်နိုင်သည့် ဒုံးလက်နက်များ ပစ်ခတ်စမ်းသပ်ခဲ့ပြီးနောက်ထပ် တာတိုပစ်စကတ်ဒုံးကျည် နှစ်စင်းကို နိုင်ငံ၏ အရှေ့ဖက်ပင်လယ် ရေပြင်သို့ တနင်္ဂနွေနေ့က ထပ်မံပစ်ခတ်စမ်းသပ် ခဲ့ဟန်တူကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ပြောကြားခဲ့သည်။


ဒုံးကျည်များကို ၀မ်ဆန်အရပ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တာတိုပစ် ပဲ့ထိန်းစနစ်စကတ်ဒုံးကျည် များဟု ယူဆရ ကြောင်း ဌာနစည်းမျဉ်းစည်းကမ်းအရ အမည်ထုတ်ဖေါ်ပြောကြားခြင်း မရှိသော တောင်ကိုရီးယားစစ်ဖက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဒုံးပျံများသည် မည်သည့် စကတ်ဒုံးကျည်အမျိုးအစားများဖြစ်သည်ကိုမူ စစ်တပ်မှ အတည်ပြုဆုံးဖြတ် လျှက်ရှိကြောင်း ၄င်းကဖြည့်စွက်ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top