Monday, June 30, 2014

ကိုရီးယား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ သုတေသီများ အလို အလျောက် နှလုံးခုန်စက် တီထွင် နိုင်ခဲ့

ကိုရီးယားသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ သုတေသီ အဖွဲ့သည် အလိုအလျောက် နှလုံးကို ခုန်စေနိုင်သော  အီလက်ထရွန်နစ် ကိရိယာ တစ်မျိုးကို   တီထွင် နိုင်ခဲ့ ကြောင်း သိရသည်။
သုတေသီ များသည် ပြောင်းလွယ်ပြင်လွယ်သော piezoelectric စက်အသေးစားကို ကြွက်၏ ခန္ဓာကိုယ် လှုပ်ရှားမှုမှ ပြောင်းလဲလာသော အီလက်ထရွန်နစ် စွမ်းအင်ကို အသုံးပြု၍ စမ်းသပ်ခဲ့ရာမှ ၎င်းကြွက်သား ၏ နှလုံးကို လှုံ့ဆော်ပေးနိုင်သည်ကို တွေ့ရှိခဲ့ကြသည်။
ထို့ပြင် အဆိုပါနှလုံးခုန်စက်၏ ဘက်ထရီမှာ ပျမ်းမျှအားဖြင့် ခုနစ်နှစ်နီးပါးကြာမြင့် ကြောင်းနှင့် မကြာခဏအစားထိုး၍ ရကြောင်း သိရသည်။
အသစ်တီထွင် ထားသော နည်းပညာသည် အလိုလျောက် စွမ်းအား ဖြည့်တင်းနိုင်သည့် နှလုံးခုန်စက် အသုံးပြုမှုကို လွယ်ကူ ချောမွေ့စေသည်။ ထို့အပြင် နှလုံးခုန် စက်ကို ရေရှည် အသုံးပြုနိုင်ရုံ သာမက နှလုံး ကို စောင့်ကြည့်နိုင်မှု ပြုနိုင်သည်ဟု သိရသည်။
နှလုံးခုန်စက်ကို တီထွင်ခဲ့သော သုတေသီ အဖွဲ့အား ကိုရီးယား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၏ သိပ္ပံနှင့် စက်မှုပညာ ဌာနမှ ပါမောက္ခ Keon  Jae Leeနှင့် ယွန်ဆေ တက္ကသိုလ် ဆေးရုံနှလုံး ကုသရေး ဌာနမှ ပါမောက္ခ Boyoung Joung တို့က ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top