Monday, June 30, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့၊ ဘိုးဘွားရိပ်သာ အလှူငွေ ကုတင်နှင့် အိပ်ယာအသုံးအဆောင် ပစ္စည်းများပေးအပ်လှူဒါန်းပွဲ အခမ်းအနား သို့ တက်ရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဘိုးဘွားရိပ်သာ အလှူငွေ၊ ကုတင်နှင့် အိပ်ယာ အသုံးအဆောင် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ (၂၁) ရက် ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် အဆိုပါရိပ်သာ၌ ပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာသိန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္ကုတွင်းဝန်ကြီး ဦးစိုးမြင့် ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များ၊ ဟင်္သာတခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင် များ၊ ဂရုဏာလုလင် လူမှုကူညီရေးအသင်းဝင်များ၊ အခြားလူမှုရေးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ ၀င်များ တက်ရောက်ကြသည်။ 


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး နှင့် အဖွဲ့ဝင်များသည် ဘိုးဘွားများအား ကန်တော့ကြ ပြီး အလှူငွေ၊ ကုတင်နှင့် အိပ်ယာ အသုံး အဆောင်ပစ္စည်းများကို ဘိုးဘွား တစ်ဦးချင်းအလိုက် ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်စိန်က အလှူငွေ အလှူရှင် ပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ကုတင်အလှူရှင် ဧရာဝတီတိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္တုတွင်း ၀န်ကြီး ဦးစိုးမြင့်၊ အိပ်ယာ အသုံးအဆောင်ပစ္စည်းများ အလှူရှင် ဟင်္သာတခရိုင်/မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပါသည်။
၎င်းနောက် အဘွား ဒေါ်တင်တင်သန်း ဦးဆောင်၍ အဘိုးအဘွားများက ဆုတောင်းမေတ္တာ ပြန်လည်ပို့သကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top