Monday, June 30, 2014

ရပ်/ကျေး အဆင့်ပါတီများ စနစ်တကျ ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းရန်မှာကြား

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် ဆရာစံလမ်းထောင့်၊ ခြံအမှတ်(၉၀)ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး ခန်းမတွင် ဗဟို/တိုင်း / ခရိုင် ပါတီများနှင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်ပါတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်။
ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ ရန်ကု န်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ဗဟိုပါတီကော်မတီဝင်များဖြစ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် လေးခုမှ အတွင်းရေးမှူး၊ ခေတ္တ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ရန်ကုန်အနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် (၁၃) ခုမှ ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ တက် ရောက်သည်။



တက်ရောက်လာသော တိုင်း/ခရိုင်/မြို့နယ်တို့မှ ပါတီအတွင်းရေးမှူးများနှင့် ကော်မတ်ီဝင်များ ဒေသဆိုင်ရာ လူထုအကျိုးပြုလုပ်ငန်းများ ဖေါ်ဆောင်ပေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို အကောင် အထည်ဖေါ် ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ ပြည်သူ့ပါတီ မဟာဗျူဟာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်နိုင်မှုကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ရပ်ကွက်/ ကျေးရွာအဆင့် ပါတီများ စနစ်တကျ ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းထားရှိရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top