Monday, June 30, 2014


ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ် လိုက်သည့် ထိုင်း စစ်အစိုးရ


ထိုင်းဗိုလ်ချုပ်ကြီး " ပရာယွတ် ချန်အိုချာ " က ပါလီမန်ရွေးကောက်ပွဲကို နောင်နှစ်အောက်တို ဘာလမှာ ကျင်းပနိုင်ခြေရှိကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။  ထိုင်းစစ်တပ်အာဏာသိမ်းခေါင်းဆောင်  " ပရာယွတ်ချန်အိုချာ " ဟာ ဒီမိုကရေစီစည်းမျဉ်းတွေကို ပြန်လည်ရေးဆွဲဖို့ အကြိုပြင်ဆင်နေတဲ့အတွက် ပါလီမန်ရွေးကောက်ပွဲကို နောက်နှစ်အောက်တို ဘာလမှ ကျင်းပနိုင်ချေရှိတယ် လို့ ထုတ်ဖော်ကြား ခဲ့ပါတယ်။

 
နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ အုပ်ချုပ် ရေးကောင်စီဥက္ကဌတစ်ဦးလည်းဖြစ်တဲ့ ထိုင်းစစ်ဗိုလ်ချုပ်ကြီး  " ပရာယွမ်ချန်အိုချာ " ဟာ ထိုင်းနိုင်ငံရဲ့ အနာဂါတ်နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး သောကြာနေ့ က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြော ကြားခဲ့ပါတယ်။  " ပရာယွတ် " ဟာ နောက်လမှာ ချမှတ်တော့မယ့် ကြားဖြတ်အစိုးရရဲ့ အခြေခံဥပဒေ မူကြမ်းကိုလည်း နိုင်ငံရေးကျွမ်းကျင်သူတွေက ဦးဆောင်ရေး ဆွဲနေကြောင်း ပြောကြားခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်ကြီး  " ပရာယွမ် " ဟာ စက်တင်ဘာလမှာ ကြားဖြတ်အစိုးရအဖွဲ့တစ်ခု စတင်သွားဖို့ အစီအစဉ် ချမှတ်ထားတယ်လို့ လည်း ဥပဒေပြုလွှတ်တော် အမတ်တွေကို ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် စီရင်စုအသီးသီးက ကိုယ်စားလှယ်တွေဟာလည်း အောက်တိုဘာ မှာ နိုင်ငံရေးပြုပြင် ပြောင်း လဲမှုတွေ ကျင်းပဖို့အတွက် ပြုပြင်ပြောင်းလဲမယ့် နိုင်ငံရေးဖြစ်စဉ်တွေကို (၂၀၁၅)မှာ အပြီးသတ် လုပ်ဆောင်သွားဖို့ အများပြည်သူတွေရဲ့ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လိုအပ်တယ် လို့ တောင်းဆိုခဲ့ပါတယ်။ ထိုင်းစစ်တပ်ဟာ မေလ(၂၂)ရက်နေ့မှာ အာဏသိမ်းခဲ့တာဖြစ်ပြီး သူတို့ရဲ့ ထိန်းချုပ်မှုကို တိုးမြင့်စေဖို့အတွက် စစ်ရေးစည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ လူတွေကို ထိန်းသိမ်းထား မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top