Monday, June 30, 2014

ပခုံးနာတာက အဟန့်အတားဖြစ်မှာ မဟုတ်ပါဘူးလို့ ဂျိုကိုဗစ် ပြော






ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ဆီဒင်ထိပ်တန်းအဆင့် ရထားတဲ့ ဂျိုကိုဗစ်က သူ့ပခုံးနာကျင်မှုက ဆက်ပြိုင်ဖို့ အဟန့်အတားဖြစ်မှာ မဟုတ်ပါဘူးလို့ ပြောကြားပါတယ်။
သောကြာနေ့က လန်ဒန်မြို့မှာ ကစားတဲ့ ၀င်ဘယ်ဒန် အမျိုးသားတစ်ဦးချင်း တတိယအဆင့်မှာ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်က ပြင်သစ်တင်းနစ်သမား ဂျီလက်ဆိုင်မွန်ကို (၆း၎၊၆း၂၊၆း၎)နဲ့ အနိုင်ရပါတယ်။ သူ့ပခုံးနာကျင်နေတဲ့ အခြေအနေကြားထဲက အနိုင်ကစားပြီး စတုတ္ထအဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်ကတော့ နေ့စဉ်လေ့ကျင်မှုနဲ့ ကျွန်တော့်ခန္ဒာကိုယ် အခြေအနေ ထိခိုက်မယ်လို့ မထင်ပါဘူး။ ကြားမှာလည်း (၂)ရက်နားချိန် ရှိပါတယ်။ လေ့ကျင့်ရင်းနဲ့ပဲ နောက်ပွဲအမီ ပြန်ကောင်းမယ် ထင်ပါတယ်။ စောင့်ကြည့်ရမှာပါပဲ။ ကျွန်တော်တော့ အပြည့်အ၀ ယုံကြည်ပါတယ်"လို့ ဂျိုကိုဗစ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဂျိုကိုဗစ်ဟာ နောက်တစ်ဆင့်မှာ ပြင်သစ်တင်းနစ်သမား ဆွန်ဂါနဲ့ ကစားရပါမယ်။

No comments:

Post a Comment

back to top