Sunday, June 29, 2014

ကားရိုက်နားပြီး စိတ်ကြိုက် ဇာတ်လမ်းတွေ စုနေတဲ့ မင်းမော်ကွန်း

အပ်ကြောင်းထပ် ဇာတ်လမ်းများကိုသာ ရိုက်ကူးနေရ သည်ကို ငြီးငွေ့လာသည့်အတွက် ကားရိုက်နား ထား ကာ စိတ်ကြိုက် ဇာတ်လမ်းများစုနေကြောင်း မင်းမော်ကွန်းက ပြောသည်။ ‘‘တဖြည်းဖြည်းဇာတ်တွေ ထပ်လာပြီး ကိုယ့်ကိုယ်ကိုယ် စိန် ခေါ်နိုင်တဲ့ ဇာတ်တွေနည်းလာတော့ ငြီးငွေ့လာ တယ်။ အဲဒါကြောင့် ခဏနားပြီး ဇာတ်တွေပြန်စုနေတယ်’’ဟု မင်းမော်ကွန်းကပြောသည်။

စိတ်ကြိုက်ဇာတ်လမ်းများစုနေသလို ကိုယ်တိုင်ရိုက်လိုသည့်ဇာတ်ကောင်အတွက်လည်း ဇာတ်လမ်းများ ဖန်တီးနေကြောင်း ၎င်းက ပြောသည်။ ‘‘လောလောဆယ် အချိန်ပေးနိုင်တုန်း ကိုယ်တိုင် လည်း ရေးဖြစ်နေ တယ်။ နှစ်ပုဒ်လောက်တော့ရေးပြီးပါပြီ။ ကိုယ်တိုင်ရေးတဲ့ ဇာတ်တွေတင်မဟုတ်ဘဲ တခြားသူတွေရဲ့ ဇာတ်တွေလည်းစုဖြစ်တယ်’’ဟု ၎င်းကပြောသည်။
ယခုနှစ်အတွင်း နှင်းဆီအဖွဲ့တွင် လူရွှင်တော်တစ်ဦးအနေ ဖြင့် ဖျော်ဖြေရေးခရီးစဉ်များ၌ ပါဝင်ဖြစ်ခဲ့ပြီး လူရွှင်တော်တစ်ဦးအဖြစ် စင်ပေါ်သို့ စတင်ခေါ်ဆောင်ခဲ့သူမှာ ဦးမျိုးမင်းဖြစ်သောကြောင့် ၎င်းအတွက် အခက်အခဲမရှိကြောင်း မင်းမော်ကွန်းက ပြောသည်။

No comments:

Post a Comment

back to top