Monday, June 30, 2014

World Cup Expo 2014 ပြပွဲ၌ Visa နှင့် CB Bank တို့ ပူးပေါင်း၍ အထူး အစီအစဉ်များဖြင့် ပါဝင်ပြသမည်


ဇူလိုင် ၃ ရက်မှ ၆ ရက်အထိ တပ်မတော် ခန်းမ၌  MPS Co.,Ltd. မှ ကြီးမှူး ကျင်းပမည့် World Cup Expo 2014 ပြပွဲတွင် Visa နှင့်အတူ CB Bank အနေဖြင့် KIA,Sony နှင့် Skynet  တို့ဖြင့် ပူးပေါင်း ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲသို့ လာရောက်ကြမည့် ပြည်သူများ အနေဖြင့် ပျော်ရွှင် ဝမ်းမြောက်စေမည့် အထူးလျှော့ဈေးများ အဖြစ် CB Bank ၏ ဝန်ဆောင်မှုများကို ခံစား ရရှိမည်ဖြစ်ပြီး ရင်ခုန်ဖွယ်ရာ ကံစမ်းမဲ အထူး အစီအစဉ်များလည်း ထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Lucky Draw အစီအစဉ်အဖြစ် နိုင်ငံခြား ခရီးစဉ်နှင့် ခရီးစရိတ် တို့ကိုပါ ကတ်ထဲသို့ ထည့်ပေးပြီး ပံ့ပိုးပေးမည် ဖြစ်သည်။ Promotion အနေဖြင့် ကျောင်းသားများ အတွက် အထူးလျှော့ဈေး အစီအစဉ်များ၊ လက်ဆောင်ပေးမည့် အစီအစဉ်များနှင့် ဘောလုံး ဝါသနာရှင်များ အတွက် ဂိမ်းကစားခြင်း အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။ ပွဲတော်ရက်တွင် ကတ်ဝယ်ယူသူတိုင်းသည် မူလ JoiningFee ငွေကျပ် ၈ဝဝဝ အစား ငွေကျပ် ၆ဝဝဝ ဖြင့် လည်းကောင်း၊ ၂၅ ရာခိုင်နှုန်း လျှော့ဈေးဖြင့် လည်းကောင်း ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။
ထို့အတူ အစောဆုံးကတ် လာရောက် ဝယ်ယူသူ ၂ဝ က FIFA Visa Card အတွက် ကျသင့်ငွေ  ၅ဝ  ရာခိုင်နှုန်း လျှော့ချ၍ အထူး အစီအစဉ် အနေဖြင့် မိသားတစ်စု တစ်ပြိုင်တည်း FIFA Visa Card ငါးကတ် ပြုလုပ်ပါက Joining Fee တန်ဖိုးကို ကတ်တစ်ကတ်စာ လျှော့ပေးမည် ဖြစ်ကြောင်း သိရသည်။ ထို့နောက် ဇူလိုင် ၆ ရက်တွင် အထူး ကံစမ်းမဲ အနေဖြင့် ရန်ကုန်-စင်ကာပူ- ရန်ကုန် အသွားအပြန် ခရီးစဉ်နှင့် သုံးစွဲရန် စရိတ်အဖြစ် ဝယ်ယူထားသော ကတ်တစ်ကတ်ထဲသို့ စင်ကာပူ ဒေါ်လာ ၃ဝဝ ထည့် သွင်းပေးမည် ဖြစ်သည်။ထို့အပြင် ခရီးစဉ် အတွက် အသွားအပြန် လက်မှတ်နှစ်စောင် ပါဝင်မည်ဖြစ်ပြီး CB Bank မှ ဝန်ဆောင်မှု ပေးထားသည့် New Products and Services များကို လည်း ဆောင် ရွက် ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top