Monday, June 30, 2014

Miss Golden Land Myanmar ပြိုင်ပွဲကြီး၏ Myanmar's Choice Award အတွက် Online Voting စတင်မည်


Miss  Golden  Land  Myanmar ပြိုင်ပွဲကြီး၏ Myanmar's Choice Award အတွက် Online Voting ပြုလုပ်ခြင်းကို ဇူလိုင် ၁ ရက်တွင် စတင်မည် ဖြစ်ပြီး သြဂုတ် ၂ ရက်အထိ Vote ပေးနိုင်ကြောင်း သိရ သည်။
အဆိုပါ ပြိုင်ပွဲကြီး အတွက် ဇူလိုင် ၅ ရက်တွင် စတင်မည့် Training Camp တစ်လတာ ကာလတွင် HR , Motivation နှင့် Social Media Presentation သင်ခန်းစာ များကို ABE (UK) ၏ ကမ္ဘာ့အမှတ် အများဆုံး (World First) ရရှိထားသော ဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ)က တာဝန်ယူ သင်ကြား ပို့ချပေး သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးကို သြဂုတ် ၂  ရက်တွင်  အမျိုးသား ကဇာတ်ရုံကြီး၌ ကျင်းပသွား မည် ဖြစ်ပြီး နိုင်ငံတကာ အလှမယ် ပြိုင်ပွဲကြီး ငါးပွဲအတွက် နိုင်ငံကိုယ်စားပြု အလှမယ် ငါးဦး ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

Miss Golden Land Myanmar Organization  သည်   မြန်မာနိုင်ငံ၏ Tourism ကို တစ်ဖက်တစ် လမ်းမှ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ Miss Myanmar များရွေးချယ်ပြီး ကမ္ဘာ့အလှမယ် ပြိုင်ပွဲကြီး များသို့ စေလွှတ်လျက် ရှိသည်။ ယခုအခါ အင်္ဂလန် နိုင်ငံရှိ TOURISM WORLD ORGANIZATION (ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်း) ကြီးမှ Miss Golden Land Myanmar Organization ကိုTourism မြှင့် တင်ရေးအတွက်  ကြိုးပမ်း ဆောင်ရွက်လျက် ရှိသော ကမ္ဘာ့အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ပြီး ဂုဏ်ပြု မှတ်တမ်းတင် CERTIFICATE ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top