Sunday, June 29, 2014

ပစ်မှတ်ကိုပိုမိုတိကျစွာ ချိန်ရွယ်နိုင်သော ဒုံးကျဉ်များ အသ စ်များ မြောက်ကိုရီးယားစမ်းသပ်


ပစ်မှတ်ကိုပိုမိုတိကျစွာ ချိန်ရွယ်ပစ်ခတ်နိုင်သော ဒုံးကျည်များအသစ်များအား စမ်းသပ် ရန် ခေါင်းဆောင်ကင်ဂျုံအွန်က ညွှန်ကြားခဲ့ကြောင်း သောကြာနေ့ကမြောက်ကိုရီးယား ဖက်က ပြောကြား ခဲ့သည်။  တာတိုပစ်ဒုံးလက်နက် (၃) ခုခန့်စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကြာသပတေးနေ့ က မြောက်ကိုရီးယားသည် ၄င်းပိုက်နက် ပင်လယ်ပြင်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကို ရီးယားအာဏာပိုင်များက ပြောကြားခဲ့သည်။ ဒုံးလက်နက်များအား မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့တစ်ခုမှပစ်ခတ်ခဲ့ပြီး ကီလိုမီတာ (၁၉၀) ခန့်အကွာ အရှေ့ဖက်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ကျရောက်ထိမှန်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးအရာရှိများက ပြောကြားခဲ့သည်။ မည်သည့် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်းနှင့် မြောက်ကိုရီးယား၏ ရည်ရွယ်ချက်မှာမည်သို့ဖြစ်ကြောင်းကိုမူ ချက်ချင်းမသိရှိရ ကြောင်းပြောကြားခဲ့သည်။

No comments:

Post a Comment

back to top