Monday, June 30, 2014

အမှိုက်ကောက်တဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနဲ့ ထွန်းကိုကို

 

နာရေးကူညီမှုအသင်း (ရန်ကုန်)က ဦးဆောင်ကာ မြို့ နယ်သန့်ရှင်းရေးအတွက် ဇွန်လ ၂၉ ရက်တွင် ပြုလုပ် မည့် အမှိုက်ကောက်လှုပ်ရှားမှုတွင် ထွန်းကိုကို၊ နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ တို့ ပါဝင်ခဲ့ကြောင်း သတင်းရရှိ သည်။ ဇွန်လ ၂၉ ရက် နံနက် ၇ နာရီမှ နံနက် ၁၀ နာရီခွဲအချိန်ထိ နာရေးကူညီမှုအသင်း တည်ရှိရာ မြောက်ဒဂုံရှိ နေရာအချို့တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးအ တွက် အမှိုက်ကောက်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။
‘‘နန်းခင်တို့ကတစ်ဆင့် ဒီလို ပွဲလေးရှိတယ်။ လိုက်ခဲ့လို့ပြော တော့ ကျွန်တော်လည်း စိတ်ဝင် စားတာနဲ့ သူတို့နဲ့အတူတူ လိုက် ကောက်ပေးတာပါ။ ကျွန်တော် တို့လည်း အားရင် အားသလို အမြဲတမ်း ပါဝင်ဖြစ်မယ်’’  ဟု ထွန်းကိုကိုကပြောသည်။ နာရေးကူညီမှုအသင်းသည် အပတ်စဉ် တနင်္ဂနွေတိုင်းမြို့နယ် တစ်ခုစီတွင် အမှိုက်များ ကောက် ယူခဲ့ပြီး ၎င်းအနုပညာရှင်သုံးဦးက လည်း အချိန်ရလျှင်ရသလို  လှုပ် ရှားမှုတွင်     ပါဝင်သွားရန်ရှိ ကြောင်း ၎င်းတို့ က ပြောသည်။
‘‘အမှိုက်နဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးချင်တာက နိုင်ငံ ခြားမှာဆိုရင် စင်ကာပူတို့၊ ထိုင်း တို့ကို ကြည့်လိုက်မယ်ဆို အမှိုက် ကိုသူ့နေရာနဲ့ သူပစ်တယ်။ နိုင်ငံ ခြားသားတွေဆို စားပြီးသားအ မှိုက်ကို ဒီအတိုင်းလက်မှာ ကိုင် ထားပြီး အမှိုက်ပုံးရောက်မှ ပစ် လိုက်တာရှိတယ်။ မြန်မာနိုင်ငံမှာ ကျတော့ ပစ်ချင်တဲ့နေရာပစ် မယ်။ ကွမ်းစားတဲ့သူများတော့ ကွမ်းတံတွေးကို စည်းကမ်းမဲ့ ထွေးကြတဲ့သူတွေလည်း ပိုများ တယ်။ ကိုယ်တိုင်ကလည်း အမှိုက်ကောက်တဲ့အတွက် ကြောင့်မို့ ဒီပြည်သူ ပြည်သားတွေ လည်း အမှိုက်မပစ်ဖို့ ပြောချင် တယ်’’ ဟု နန်းခင်ဇေယျာက ပြောသည်။
နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ သည် နာရေးကူညီမှုအသင်းတွင် ပရဟိတအနေဖြင့် အလောင်း သယ်ခြင်းကို အလျဉ်းသင့်သလို  လုပ်ဆောင်ပေးနေပြီး အမှိုက် ကောက်သည့်အစီအစဉ်တွင် ပထမဆုံးပါဝင်ပေး ခဲ့ခြင်း ဖြစ် သည်။ နာရေး ကူညီမှုအသင်းတွင် တစ်လတစ်ကြိမ်လုပ်အားပေး ဖြစ်သော ရက်နှင့် အမှိုက်ကောက် သည့် ရက်တိုက်ဆိုင်လျှင် အမြဲပါဝင်သွားမည်ဟု ခင်ဝင့်ဝါက ပြောသည်။

 

No comments:

Post a Comment

back to top