Monday, June 30, 2014

ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၄) ဖွင့်လှစ်

တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစီအစဉ်ဖြင့် ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေး သင်တန်း (၁/၂၀၁၄) သင်တန်းဖွင့်ပွဲအား ဇွန်လ ၂၈ ရက် နံနက် (၈) နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ကျောက်ဆည်ခရိုင် နယ်မြေ တာဝန်ခံ ဦးသန်းထွန်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ခရိုင်ပါတီ အတွင်းရေးမှူး ဦးအောင်မြင့်သန်း နှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီယာယီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီ ဝင်များ၊ စည်းမှူးနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သူများနှင့် နည်းပြများ အင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြသည်။



အဆိုပါသင်တန်းသို့ ရပ်ကွက်ကျေးရွာအုပ်စု (၆၄) အုပ်စုမှ ပါတီဝင် သင်တန်း သား/သူ (၇၅)ဦး တက်ရောက် လျက်ရှိပြီး သင်တန်းအား (၂၈-၆-၂၀၁၄) မှ (၂-၇-၂၀၁၄) အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top