Monday, June 30, 2014

Air KBZ လေကြောင်းလိုင်း၏ ခုနစ်စင်းမြောက် လေယာဉ်သစ် ဇူလိုင် လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်
Air KBZ လေကြောင်းလိုင်း၏ ခုနစ်စင်းမြောက် လေယာဉ်သစ်ဖြစ်သည့် ATR 72-500  လေယာဉ်သည် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရသည်။
အဆိုပါ ATR 72-500 အမျိုးအစား လေယာဉ်မှာ ပြင်သစ်နိုင်ငံ ATR Company မှ အသစ်ထပ်မံ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဲကမ္ဘောဇ လေကြောင်းလိုင်း စတင်တည်ထောင် ပျံသန်းခဲ့သည့် ၂ဝ၁၁ ခုနှစ် ဧပြီမှ ယခုသုံးနှစ်ကျော် ကာလအတွင်း ခုနစ်စင်းမြောက် ဝယ်ယူသည့် လေယာဉ်ဖြစ်ကြောင်း သိရသည်။
အဲကမ္ဘောဇ လေကြောင်းလိုင်းသည် ATR 72-600 လေယာဉ်နှစ်စင်း၊ ATR 72-500 လေယာဉ်လေးစင်း စုစုပေါင်း လေယာဉ်ခြောက်စင်းဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ကလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ သံတွဲ၊ စစ်တွေမြို့ ခရီးစဉ်များ ပျံသန်းလျက်ရှိကြောင်း သိရသည်။ အဲကမ္ဘောဇ လေကြောင်းလိုင်း၏ ခြောက်စင်းမြောက် ဝယ်ယူသည့် ATR 72-600 လေယာဉ်သည် ဇွန် ၂၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
Ref;eleven media group

No comments:

Post a Comment

back to top