Monday, June 30, 2014

ပထမကမ္ဘာစစ်နှစ်(၁၀၀)ပြည့် အခမ်းအနားပွဲကိုတက်ရောက်ခဲ့ကြတဲ့ EU ခေါင်းဆောင်များ


EU အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်(၂၈)ဦးတို့ဟာ ဘယ်ဂျီယံနိုင်ငံမှာကျင်းပတဲ့ ပထမကမ္ဘာစစ်နှစ် (၁၀၀)ပြည့် အခမ်းအနားပွဲကို တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေ ဟာ ငြိမ်းချမ်းရေးကတိတွေကို ပြန်လည် အသစ်ဖြစ်စေဖို့ အတွက် ဘယ်လ်ဂျီယံနိုင်ငံမှာကျင်းပတဲ့ ပထမကမ္ဘာစစ်နှစ်(၁၀၀)ပြည့် အခမ်းအနားပွဲကို အသီးသီးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကြာသပတေးနေ့မှာ ဘယ်လ်ဂျီယံနိုင်ငံမြောက်ပိုင်းက Ypres "ရက်ပ် ရက်စ်"မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို EU အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်(၂၈)ဦးတို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

 
ဒီအခမ်းအနားပွဲကို ပထမကမ္ဘာစစ်ပွဲမှာ တိုက်ပွဲကျသွားတဲ့ စစ်သား(၅၅၀၀၀)တို့ရဲ့ နာမည်တွေ ရေးထားထားတဲ့ Menin Gate မှာကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားကို တက်ရောက် လာသူတွေဟာ ပထမကမ္ဘာစစ်အတွင်း တိုက်ပွဲကျခဲ့တဲ့စစ်သည်တွေကို အမှတ်ရတဲ့အနေနဲ့ တစ်မိနစ် ခန့်ငြိမ်သက်စွာ ရပ်ရင်းဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ခေါင်းဆောင်တွေဟာ အနီးအနားက ပန်းခြံနဲ့ နောက်ထပ်အထိမ်းအမှတ်ပွဲဖြစ်တဲ့ Peace Bench မှာကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက် ခဲ့ကြပါတယ်။ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရုံးသုံးဘာသာစကား (၂၄)မျိုးနဲ့ Peace ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကိုခုံတန်းမှာ ထွင်းထားတာဖြစ်တယ်လို့သိရပါတယ်။
 
ဥရောပနိုင်ငံများဆိုင်ရာ ကောင်စီဥက္ကဌဖြစ်သူဟာ မန်ရွန်ပေးတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြင်းထန် လာတဲ့အခြေအနေတွေကို ဖျက်သိမ်းဖို့ရယ်၊ ယုံကြည်မှုနဲ့လုံခြုံရေးပိုင်းဆိုင်ရာ ငြိမ်းချမ်းဖို့ကို အပြောနဲ့ လက်တွေ့ညီမျှအောင် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ (၄)နှစ်ကြာခဲ့တဲ့ ပထမ ကမ္ဘာစစ်ကြီးဟာ ဆာရာယေဗိုမှာ သြစတြီးယားနဲ့ဟန်ဂေရီမှ တော်ဝင်မင်းသား ဖရန်ဖာဒီနန် လုပ်ကြံခံရတဲ့ အချိန်ကစပြီး ဖြစ်ပွားခဲ့ရာ နှစ်(၁၀၀)ပြည့်သွားပြီဖြစ်ပြီး ဒီစစ်ပွဲ ဟာလူ(၁၀)သန်း ခန့်ကို သေဆုံးစေခဲ့တယ်လို့ သိရပါတယ်။ 

No comments:

Post a Comment

back to top