Monday, June 30, 2014

ဒဂုံတောင်မြို့နယ် (၂၄) ရပ်ကွက်နေ ပြည်သူ (၁၄၅) ဦးကို အခမဲ့ဆေးကုသ

၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၉)ရက်၊ နံနက်၀၈၃၀ နာရီမှ ၁၅၃၀ နာရီအထိ၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊(၂၄) ရပ်ကွက်၊ မြရတနာ (၃)လမ်း၊ ဓမ္မရက္ခိတ ဓမ္မာရုံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင်၏ ခရိုင်ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း ဦးဆောင်သည့် ဖြိုးစေတနာ အခမဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူ (၁၄၅) ဦးအား
ကျန်းမာရေး စောင့်ရှောက် ကုသမှုပေးခဲ့ကြောင်းသိရသည်။
ဖြိုးစေတနာ အခမဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် တာဝန်ခံဆရာဝန် ဒေါက်တာအောင်နိုင်ဦး၊ သွားဆရာဝန် ဒေါက်တာ ဇော်လင်းပြုံး နှင့် သူနာပြု ဆရာမများ လိုက်ပါလာခဲ့ပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ရာနာဖျား/ မကျန်းမာနှင့် အထွေထွေရောဂါများအတွက် လာရောက်ပြသ၍ ဆေးကုသမှုခံယူသူ (၁၂၅) ဦး၊ သွားရောဂါ ဝေဒနာ ခံစားနေ ရသူ လူနာ (၁၇) ဦး၊ မျက်စိခွဲစိပ်ရန် စမ်းသပ်ပြသသူ မျက်စိလူနာ (၃) ဦး ၊ ရပ်ကွက်နေပြည်သူ စုစုပေါင်း (၁၄၅) ဦးတို့က ဖြိုးစေတနာ အခမဲ့ နယ် လှည့်ဆေးကုသရေးအဖွဲ့ထံသို့ လာရောက်ပြသကုသမှုခံယူခဲ့ကြသည်။




ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၄) ရပ်ကွက်နေ ပြည်သူများ ဖြိုးစေတနာ အခမဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့ထံသို့ လာရောက် ဆေးကုသနိုင်ရေးအတွက် ဒဂုံ မြို့သစ် တောင်ပိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီ အတွင်းရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ကော်မတီဝင်များ၊(၂၄) ရပ်ကွက် ပါတီစည်းရုံးရေးမှူး ဒေါ်အေးအေးသန်း နှင့် ကော်မတီဝင်များက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဒဂုံမြို့သစ်တောင်ပိုင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝဏ္ဏမျိုးတို့မှ လာရောက်၍ ဆေးကုသခံ လူနာများကို အားပေးစကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top