Monday, June 30, 2014

Myanmar Business Model Contest 2014 ပြိုင်ပွဲ ကျင်းပမည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံ Cross Broder International Education Support Foundation တို့ ပူးပေါင်း၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် စီးပွားရေးလုပ်ငန်းရှင် လူငယ်များ စနစ်တကျ ပေါ်ပေါက် ရန်နှင့် စီးပွားရေးလုပ်ငန်းသစ်များ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ Myanmar Business Model Contest 2014 ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း UMFCCI ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Myanmar Business Model Contest 2014 ပြိုင်ပွဲကို အဆင့်နှစ်ဆင့်ခွဲ၍ ကျင်းပသွားမည်ဖြစ်၍ အဆင့်(၁) သည် ကျောင်းသားလူငယ်များအား ရည်ရွယ်သောကြောင့် အသက် (၂၅) နှစ်အောက် မည်သူမဆို ပါဝင်ယှဉ် ပြိုင်နိုင်ပြီး အဆင့်(၂) တွင် လုပ်ငန်းအတွေ့အကြုံရှိသော အသက် (၃၂) နှစ်အောက် လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ပြိုင်ပွဲတွင် အဖွဲ့လိုက်အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် အဖွဲ့နှစ်ဦးမှ သုံးဦးအထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကြောင်း၊ အဆင့်(၁) ပထမဆုကို အမေရိကန်ဒေါ်လာ တစ်ထောင်ချီးမြှင့် မည် ဖြစ်ပြီး အဆင့်(၂)၏ ပထမဆုကို အမေရိကန်ဒေါ်လာ သုံးထောင်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Myanmar Business Model Contest 2014 ပြိုင်ပွ္ပဲ၌ ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ယခုလ ၂၇ ရက်မှ စတင်၍ သတ်မှတ်ပုံစံများကို ကုန်သည်စက်မှု အသင်းချုပ်၍ ထုတ်ယူ၍ ယှဉ်ပြိုင်မည့် BUSINESS Model အကျဉ်းနှင့်အတူ ဇူလိုင် ၃၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။
ပြိုင်ပွဲနှင့်ပတ်သတ်သော ရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၅ ရက် တွင် ကုန်သည်စက်မှု အသင်းချုပ်၌ ပြုလုပ် မည်ဖြစ်၍ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး ပြိုင်ပွဲနှင့် ပတ်သတ်၍ သိရှိလိုပါက (HRD) ကုန်သည် စက်မှုအသင်းချုပ် ဖုန်း ၂၀၁၄၃၄၄၊ ၉၁ ၂၁၇၄၈၀ Ext 133, 134 သို့ စုံစမ်းနိုင်ကြောင်းသိရသည်။

No comments:

Post a Comment

back to top