Monday, June 30, 2014

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့် တာမွေပြည်ခိုင်ဖြိုး ပါတီဝင်များ မဟာဝိဇယကာရီ ဗိမာန်တော်ကြီး ဆောက်လုပ်မှုတွင် ပါဝင်လှူဒါန်း

၂၀၁၄ ဇွန်လ ၂၈ ရက်နေ့ နံနက် ၀၉း၀၀ အချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ကော်မတီဝင်များတို့သည် မေတ္တာညွန့်ရပ်ကွက် ကံဆယ်ကမ္မဌာန်းကျောင်းတိုက်သို့ သွားရောက်ကာ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ အာသဘ မထေရ်မြတ်အား သွားရောက် ဖူးမျှော်ကြည်ညိုခဲ့ပြီး ကျောင်းဝိုင်းအတွင်း ဆောက်လုပ်လျက်ရှိသော မဟာဝိဇယကာရီ (သုံးထပ်) ဗိမာန်တော်ကြီး ဆောက်လုပ်မှုတွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင်/ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိမ်း ဇနီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေတို့မှ မိသားစု အလှူ သုံးသိန်းကျပ်၊ တာမွေမြို့နယ်ပြည်ခိုင်ဖြိုး မြိုကနယ်ကော်မတီဝင်များမှ လေးသောင်းငါးထောင်ကျပ် စုစုပေါင်း သုံးသိန်းလေးသောင်း ငါးထောင်ကျပ် တိတိတို့အား လှူဒါန်းခဲ့ပါသည်။





No comments:

Post a Comment

back to top