Monday, June 30, 2014


အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာ အမြင့်ဆုံးဆု ASEAN Business Award 2014 (ABA) ၀င်ရောက် လျှောက်ထားနိုင်
အာဆီယံ (၁၀) နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်သော ASEAN Business Award 2014 (ABA) အတွက် ၀င်ရောက် လျှောက်ထားရန် နောက်ဆုံးနေ့ကို ဇူလိုင် ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ုကြောင်း ASEAN Businessw Advisory Council (ABAC) အာဆီယံ စီးပွားရေးဆိုင်ရာ အကြံပေး ကောင်စီထံမှ သိရသည်။
ASEAN Business Award 2014 (ABA) တွင် ယခင်နှစ်များနှင့်မတူ ကဏ္ဍအသစ်များ ထပ်မံတိုးမြှင့်ပေး ထား သည်။ အဓိက ကဏ္ဍကြီးနှစ်ခုအဖြစ် Large Category ESifh MSME Category နှစ်ခု ခွဲခြားထားပြီး Large Category ကဏ္ဍအောက်တွင် Corporate Excellence , Innovation နှင့် ASEAN Centricity ခေါင်းစဉ်သုံးခု ဖြင့် ယှဉ်ပြိုင်နိုင်ပြီး MSME က အောက်တွင် Micro Small and Medium size ကုမ္ပဏီများ၊ လူငယ်စွန့်ဦး တီထွင်သူများနှင့် အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ လျှောက်ထားနိုင် ပါသည်။
ယခုလ ၁၃ ရက်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော (၅၇) ကြိမ်မြောက် အာဆီယံ စီးပွားရေးဆိုင်ရာ အကြံပေး ကောင်စီ (ABAC) အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၌ ASEAN Business Award အတွက် လျှောက်ထားရန် နောက်ဆုံးနေ့ကို တိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြသည်။
ယခုနှစ်တွင် ကဏ္ဍအသစ်များ တိုးချဲ့ထားခြင်းကြောင့် အာဆီယံ နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များ က လျှောက် ထားရန် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံကလည်း ယခုလ တတိယပတ်အထိ ကုမ္ပဏီ ၄၀ ကျော် ၀င်ရောက်လျှောက်ထားပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ ASEAN Business Award (ABA) ကို လျှောက်ထားလိုသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဇူလိုင် ၁၅ ရက်အထိ www.asean-bac.org တွင် Online Registration စနစ်ဖြင့် လျှောက် ထားနိုင် ကြောင်း သိရသည်။

No comments:

Post a Comment

back to top