Monday, June 30, 2014

IT Chip Card ဖြင့်ခေါ်ဆိုရသော Public Phone များ ထပ်မံ တပ်ဆင်မည်

နိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့၌ IT Chip Card ကို အသုံးပြုကာ ခေါ်ဆိုရသော အများ ပြည်သူသုံး Public Phon များကို ထပ်မံ တပ်ဆင်သွားရန် စီစဉ် ထားကြောင်း သိရသည်။ အဆိုပါ ဖုန်းများကိုရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် စသည့်မြို့ကြီး တို့၌ ပြီးခဲ့သော ဆီးဂိမ်း ပွဲတော်ကာလ မတိုင်မီက စတင်ကာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြီးမှူး၍ လိုက်လံ တပ်ဆင်ခဲ့ရာ ယခုအခါ ဖုန်းအလုံး ၃ဝဝ ခန့် တပ်ဆင်ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ စုစုပေါင်း ဖုန်း အရေအတွက် ၄ဝဝ အထိ ဖြစ်လာစေရန် နောက်ထပ် ဖုန်း၁ဝဝ ခန့် ထပ်မံ တပ်ဆင်သွားရန် စီစဉ် ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအချိန်၌ အဆိုပါ ဖုန်းများကို ပြည်သူအများ ဖုန်းခေါ်ဆိုရန် လိုအပ်လာလျှင် အသုံးပြု နိုင်စေရန် အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ရှိသော အားကစားကွင်းများ အပါအဝင် အများနှင့် သက်ဆိုင်သော နေရာများ၌လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန် လမ်းမပေါ်ရှိ နေရာအချို့၌ လည်းကောင်း၊ Emergency Response Team များရှိရာနေရာ အနီး ပတ်ဝန်းကျင်၌ လည်းကောင်း တပ်ဆင်ထားသည့်အပြင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အတွင်း၌လည်း တပ်ဆင်ပေးထားကြောင်း သိရသည်။
အဆိုပါ ဖုန်းများသည် အသုံးပြုရာ၌ အလွန်ပင် လွယ်ကူမှု ရှိပြီး နိုင်ငံခြား၌ လမ်းဘေး ကတ်ဖုန်းများကို အသုံးပြုသည့် နည်းအတိုင်း IT Chip Card ထည့်ကာပြည်တွင်းပြည်ပသို့ ခေါ်ဆိုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top