Monday, June 30, 2014

ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ သန်လျှင်မြို့တွင် ကျင်းပ

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ မြို့မမြောက်ရပ်ကွက်၊ ဈေးချိုလမ်း၊ အမှတ် (၂၀) ရှိ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇွန်လ (၂၈)ရက်၊ နံနက် (၉) နာရီအချိန်က ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာ ဖေါ်ဆောင်ရေး ဆင့်ပွား သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။ 
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း နှင့် တိုင်းပါတီကော်မတီ ၀င် ဦးအောင်မြင့်၊ ရန်ကုန် တောင်ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဦးလွင်ဦး နှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်မှ ပါတီ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ တောင်ပိုင်းခရိုင် (၉)မြို့နယ်မှ သင်တန်းသား/သူ (၁၀၀) ဦး၊ (၁၂၀) ဦးတက်ရောက်သည်။ 



သင်တန်းဖွင့်လှစ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း မှ တောင်ပိုင်းခရိုင် ပါတီအနေဖြင့် အခြားပါတီများထက် နောက်ကျပြီး ပြည်သူ့ ပါတီ မဟာဗျူဟာဖေါ်ဆောင်ရေး ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ရသည့်အတွက် သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို ဂရုတစ်စိုက် မှတ်သားစေ ချင်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ လူမှုရေး အသင်းမှ နိုင်ငံရေးပါတီအဖြစ်သို့ ပြောင်းလဲလာသည့်အတွက် အမတေပါတီအဆင့်မှ ပြည်သူ့ပါတီအဖြစ်သို့ ရောက်ရှိနိုင်ရေးအတွက် ပါတီဝင်တိုင်းမှာ တာဝန် ရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၂ ခုနှစ် ဗဟိုကော်မတီ အစည်း အဝေးမှ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ထားပြီးဖြစ်ရာ ယင်းရှေ့လုပ်ငန်းစဉ်များ အောင်မြင်ပေါက်မြောက်စွာ အကောင်အထည်ဖေါ်ရာတွင် ပါတီဝင် အသီးသီး အတွက် ယခုဖွင့်လှစ်သည့် ပြည်သူ့ပါတီ မဟာဗျူဟာ ဖေါ်ဆောင်ရေးသင်တန်း မှ ဘာသာရပ်များမှာ နည်းပညာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်ခန်းစာများကို ဂရိုစိုက်မှတ်သား၍ လက်တွေ့သင်ခန်းစာများကို မခိုမကပ် လက်တွေ့ဆောင်ရွက်ပြီး မိမိတို့မြို့နယ် ပါတီ ကို ပြည်သူ့ပါတီ ဖေါ်ဆောင်ရေးအတွက် ၀ိုင်းဝန်း ကူညီဆောင်ရွက်သွား ကြရန် တို့ကို မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top