Monday, June 30, 2014

မန္တလေးမြို့နှင့် အင်ဖာမြို့ နှစ်မြို့အကြား လေကြောင်း ခရီးစဉ်အပြင် အဝေးပြေး မော်တော်ယာဉ် ခရီးစဉ်ပါ ပြေးဆွဲမည်


မန္တလေးနှင့် အင်ဖာ မြို့နှစ်မြို့အကြား လေကြောင်း ခရီးစဉ်အပြင် အဝေးပြေး မော်တော်ယာဉ် ခရီးစဉ် ပါ ပြေးဆွဲမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။  မြန်မာနိုင်ငံ မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ အင်ဖာမြို့တို့ အကြား ယမန်နေ့က စတင်ကာ ရွှေမြန်မာ လေကြောင်းလိုင်း ကလည်း လေကြောင်းခရီးစဉ် ပျံသန်းပြေး ဆွဲ သွားမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်း လိုင်းရုံးမှ သိရသည်။ ယင်းခရီးစဉ်ကို လူဦးရေ ၇ဝ ခန့် စီးနင်း သွားလာနိုင်သည့် ပြင်သစ် နိုင်ငံလုပ် ATR - 72-690 လေယာဉ်ကို အသုံးပြုပြီး တစ်ပတ် လျှင် နှစ်ကြိမ် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြန်မာ- အိန္ဒိယ နယ်စပ်ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲရေး အတွက် အိန္ဒိယ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ အကြား သဘော တူညီမှုများ ရရှိခဲ့ပြီ ဖြစ်ကြောင်းလည်း အိန္ဒိယ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ကို ကိုးကားကာ ဘနားမား သတင်းတွင် ဖော်ပြ ထားသည်၊။

အဆိုပါ မြန်မာ- အိန္ဒိယ နယ်စပ်ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲမှုသည် မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် အင်ဖာမြို့တို့ အကြား ပြေး ဆွဲ သွားမည် ဖြစ်ကြောင်း  သိရသည်။
၎င်းမော်တော်ယာဉ် ပြေးဆွဲမှုသည် ၅၇၉ ကီလိုမီတာ ကွာဝေးသည့် အိန္ဒိယနိုင်ငံ မဏိပူ ပြည်နယ် အင်ဖာမြို့နှင့် မြန်မာနိုင်ငံ မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့တို့ကို ၁၄ နာရီကြာ မောင်းနှင် ပြေးဆွဲ မည့် ဘတ်စ်ကားလိုင်း ဖြစ်ကြောင်းနှင့် အဆိုပါ မော်တော်ယာဉ် ပြေးဆွဲမှုကို လာမည့် အောက်တိုဘာလတွင် စတင်မည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top