Sunday, June 29, 2014

အမျိုးသားကယ်ဆယ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းဖို့ငြင်းပယ်ထားသည့် အီရတ်ဝန်ကြီးချုပ်


အီရတ်ဝန်ကြီးချုပ် နျူရီအယ်လ်မာလီကီက အစိုးရတပ်တွေနဲ့ အစ္စလာမ္မစ်အစွန်းရောက်တွေကြား မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားပေမယ့်အမျိုးသားကယ်ဆယ်ရေး အစိုးရ အဖွဲ့ဖွဲ့စည်းဖို့ကို ပယ်ချလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဆွန်နီအကြမ်းဖက်သမားတွေဟာ ဘဂ္ဂဒက်မြို့မြောက်ဘက်ပိုင်း ဘယ်လ်ဒတ်လေကြောင်း အခြေစိုက်စစ်စခန်းကို ဗုဒ္ဓဟုးနေ့တုန်းက တိုက်ခိုက်ခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

 
ဒါ့အပြင် နိုင်ငံအတွင်းအကြီးဆုံးရေနံသန့်စင်စက်ရုံ နေရာရှိနေသည့် ဘိုင်ဂျီမြို့ပတ်ဝန်းကျင်မှာလည်း အစိုးရတပ်တွေနဲ့ အကြမ်းဖက်သမားတွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒီလိုဖြစ်ပွားနေ တဲ့ ပြည်တွင်း အခြေအနေတွေကြောင့် ပြည်တွင်းနိုင်ငံရေး ပါတီတွေဟာ ၀န်ကြီးချုပ်မာလီကီကို အမျိုးသားလုံခြုံရေးဆိုင်ရာ ကယ်ဆယ်ရေးအစိုးရ အဖွဲ့ဖွဲ့စည်းဖို့ တောင်းဆိုနေကြပါတယ်။
 
ဒါပေမယ့် ၀န်ကြီးချုပ်မာလီကီကတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကယ်ဆယ်ရေးအစိုးရဖွဲ့စည်းခြင်းဟာ စစ်တပ်အာဏာသိမ်းဖြစ်စဉ်နဲ့တူတဲ့အပြင် နိုင်ငံရေးဖြစ်စဉ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း ဆန့်ကျင်နေတယ်လို့ ဗုဒ္ဓဟူးနေ့တုန်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားထားပါတယ်။ ဒါ့အပြင်ဝန်ကြီးချုပ်ဟာ လူများစုရှီယိုက်တွေကို မျက်နှာပေးနေတာက ဆွန်နီအကြမ်းဖက်သမားတွေကို လှုံ့ဆော်ပေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ပြည်တွင်းမှာသာသမက ပြည်ပမှာမြင့်တက်နေပါတယ်။ 
 

No comments:

Post a Comment

back to top