Monday, June 30, 2014

သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် များ၌ BE ဘွဲ့ တိုက်ရိုက် ပေးမည်


မြန်မာ တစ်နိုင်ငံလုံးရှိ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်များ၌ အင်ဂျင်နီယာဘွဲ့ BE ဘွဲ့များကို ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှစ၍ တိုက်ရိုက် ပေးအပ်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ နည်းပညာ တက္ကသိုလ်များ၌ တက္ကသိုလ်ဝင်တန်းရမှတ် ၃၈ဝ အထက် ရရှိသူ များ တက်ရောက် ခွင့်ရှိပြီး အစိုးရနည်းပညာ သိပ္ပံကျောင်း A.G.T.I သင်တန်း တက်ရောက်လိုသူများသည် သင်္ချာဘာသာနှင့် အင်္ဂလိပ်စာ ရမှတ်ပေါင်း ၁၅ဝ ရရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
ယင်းနည်းပညာ တက္ကသိုလ်များတွင် B.Tech ဘွဲ့ကို ဖျက်သိမ်း၍ BE ဘွဲ့ကို ခြောက်နှစ် တက်ရမည်ဖြစ်ပြီး A.G.T.I သုံးနှစ်သင်တန်းကို အစိုးရနည်းပညာ သိပ္ပံကျောင်း G.T.I ၌ ဖွင့်လှစ်မည်ဟု သိရသည်။ အဆိုပါ နည်းပညာ တက္ကသိုလ်များ၌ ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှ တစ်ဆင့် ခေါ်ယူမည် ဖြစ်ကြောင်း အစိုးရ နည်းပညာသိပ္ပံကျောင်း ဝင်ခွင့်ကို နိုင်ငံပိုင် သတင်းစာ များမှ လျှောက်လွှာများ ခေါ်ယူမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment

back to top