Friday, March 28, 2014

လဆင်းယာဉ်တွင် တပ်ဆင်ခဲ့သည့် ကင်မရာအား အမေရိကန်ဒေါ်လာ ၇၅ ၄ ၉ ဖြင့် လေလံတင်ရောင်းချ 

၁၉၇၁ Apollo 15 လဆင်းယာဉ်တွင် တပ်ဆင်ထားခဲ့သည့် ကင်မရာ တစ်လုံးကို  အမေရိကန် ဒေါ်လာ  ၇၅၈၄၈၉  ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။The Hasselblad 500 အမည်ရှိ အဆိုပါ ကင်မရာကို ယခုသီတင်းပတ် အတွင်း လေလံတင် ရောင်းချ ခဲ့ခြင်း ဖြစ်ကြောင်း ဗီယင်နာမြို့ Galerie Westlicht အမည်ရှိ လေလံကုမ္ပဏီက ထုတ်ဖော် ပြောကြား ခဲ့သည်။
၎င်းကင်မရာကို ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ တယ်ရူကာဇူဖူဂျီဆာဝါက ဝယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း Galerie  Westlicht က  ဆက်လက် ပြောကြားခဲ့သည်။

 

No comments:

Post a Comment

back to top