Sunday, March 30, 2014


Miss 27th SEA Games Myanmar အလှမယ်ဆု အိန္ဒြာ သီရိကို ရရှိ 

Myanmar  Tourism  Services  Co.,Ltd. (MTS)က တာဝန်ယူ ကျင်းပသော Miss 27th  SEA  Games  Myanmar အလှမယ် ရွေးချယ်ပွဲကြီးကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း၌ ဆိုင်းဘုတ်ကိုင် အလှမယ်များ အဖြစ် ပါဝင်ခဲ့သော အလှမယ် ၂၃ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး Miss 27th  SEA  Games  Myanmar ဆုကြီးကို ခါးနံပါတ် ၂၂ အိန္ဒြာသီရိကိုက ရရှိခဲ့ကြောင်း သိရသည်။

ဆုရရှိသော အိန္ဒြာသီရိကို အနေဖြင့် ဆုကြေးငွေ ကျပ်သိန်းသုံးဆယ် အပါအဝင် Crown ဆုနှင့် အခြားဆု လက်ဆောင်လည်း ရရှိခဲ့ပြီး တတိယဆုကို ခါးနံပါတ် ၁၁ မြတ်ကျော့ခိုင်က လည်းကောင်း၊ ဒုတိယဆုကို ခါးနံပါတ် ၂၃ ချောစုလင်း ဖြူသန့် ကလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။
ဆုကြေးငွေများ အနေဖြင့် ဒုတိယဆုကို ငွေကျပ် ၁၅သိန်းနှင့် အခြားဆု လက်ဆောင်များ၊ တတိယ ဆုကို ငွေကျပ် ၁ဝသိန်းနှင့် အခြားဆု လက်ဆောင်များ ပေးအပ် ချီးမြှင့် ခဲ့ပြီး Miss MRA Titleဆုကို ခါး နံပါတ် ၆ ရှားထွဋ်အိန္ဒြာက ရရှိခဲ့ကာ ဆုကြေးငွေကျပ် ခုနစ်သိန်းနှင့် အခြားဆု လက်ဆောင်များ ရရှိ ခဲ့ကြောင်း သိရသည်။


No comments:

Post a Comment

back to top