Friday, March 28, 2014


စင်ကာပူနှင့် အိုကီနာဝါ တိုက်ရိုက် လေကြောင်းပျံသန်းမည်
မတ် ၂၅ ရက်တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်အုပ်စုနှင့် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါပြည်နယ် အစိုးရတို့၏ သဘောတူညီမှုအရ ၎င်းဒေသနှစ်ခုအကြား တိုက်ရိုက်လေကြောင်း ပျံသန်းမှုပြုလုပ် မည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တိုက်ရိုက်လေကြောင်းဆက်သွယ်ရေးက အထောက်အကူပြုမည်ဖြစ်ကြောင်း မတ် ၂၇ ရက် ကျိုဒိုသတင်းတွင်ဖော်ပြသည်။
စင်ကာပူနှင့်အိုကီနာဝါ ပြည်နယ်အကြား လေယာဉ်ပျံသန်းချိန် ၁၀ နာရီရှိပြီး တိုက်ရိုက် ပျံသန်းမှု ပြုလုပ်နိုင် မည် ဆိုပါက လေယာဉ်ပျံသန်းချိန်ကို ငါးနာရီအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ချန်ဂီလေဆိပ်လုပ်ငန်း ၀န်ဆောင်မှု ကုမ္ပဏီက ပြောကြားသည်။
စင်ကာပူနှင့် အိုကီနာဝါပြည်နယ် အကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှု တည်ထောင်နိုင်ခြင်းဖြင့် ဒေသ တွင်းပြည်သူများ ကူးလူးဆက်ဆံမှုကို မြှင့်တင်ပေးနိုင်မည်ဟု မိမိတို့မျှော်လင့်ကြောင်း အိုကီနာဝါပြည်နယ် အုပ်ချုပ်ရေးမှူး ဟီရိုကာဂူနာကီမာက ယင်းသေဘောတူလက်မှတ် ရေးထိုးပွဲတွင် ပြောကြားသည်။

No comments:

Post a Comment

back to top