Monday, March 31, 2014

ဟောင်ကောင်ရပ်ဘီဆဲဗင်းမှာ နယူးဇီလန်က အင်္ဂလန်ကို အနိုင်ရတဲ့ သတင်း


တနင်္ဂနွေနေ့က ဟောင်ကောင်မှာ ကစားတဲ့ ရပ်ဘီဆဲဗင်းပြိုင်ပွဲမှာ နယူးဇီလန် အသင်းက အင်္ဂလန်အသင်းကို (၂၆း၇)နဲ့ အလွယ်တကူ အနိုင်ရသွားပါတယ်။ ရပ်ဘီဆဲလ်ဗင်း ကမ္ဘာ့စီးရီးဟာ ပြိုင်ပွဲ(၃)ပွဲ ကစားပြီးပါပြီ။ အဲဒီ(၃)ပွဲပေါင်း ရမှတ်မှာ နယူးဇီလန်က ပြိုင်ပွဲ(၃)ပွဲလုံး အနိုင်ရပြီး (၁၃၆)မှတ်နဲ့ ထိပ်ဆုံးမှာ ရှိပါတယ်။ အင်္ဂလန်ကို ကွာတားဖိုင်နယ်မှာ အနိုင်ရခဲ့တဲ့ တောင်အာဖရိက အသင်းက (၁၂၄)မှတ်နဲ့ ဒုတိယနေရာမှာရှိပြီး ဖီဂျီက(၁၁၂)မှတ်နဲ့ တတိယနေရာမှာ ရှိပါတယ်။ အင်္ဂလန်ကတော့ (၁၀၄)မှတ်နဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။

No comments:

Post a Comment

back to top