Monday, March 31, 2014


ဂျပန်၊တရုတ်နဲ့ မွန်ဂိုလီးယားတို့ကို အလည်အပတ်သွား ရောက်မယ့် အမေရိကန် ကာကွယ်ရေးဝန်ကြီး
အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် ဟာ လာမယ့် ဧပြီလ အစောပိုင်းမှာ ဂျပန်၊တရုတ်၊ နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို အလည်အပတ်သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ သွားရောက် လည်ပတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အာရှ-ပစိဖိတ်ဒေသ ဟာ အမေရိကန်နိုင်ငံရဲ့ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ အတွက် အရေးပါတာကြောင့်ဖြစ်တယ် လို့သိရပါ တယ်။
ဝန်ကြီးရဲ့ခရီးစဉ်ကို   ပင်တဂွန်စစ်ဋ္ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို  ကြာသပတေးနေ့က ပြောကြား ခဲ့တာဖြစ်ပါတယ်။ ခါဘီရဲ့ပြောကြားချက်အရ အာရှ-ပစိဖိတ်ဒေသဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီ နဲ့ ကာကွယ်ရေး မဟာဗျူဟာတွေအတွက် အရေးပါတာကြောင့် အလည်ပတ်ခရီး သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဟေဂယ်ဟာ အာရှကို မလာခင်မှာ  လာမယ့်အင်္ဂါနေ့မှာ ဟာဝိုင်အီမှာကျင်းပမယ့် အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ အစည်းဝေပွဲကို တက်ရောက်မှာဖြစ်ပြီး အဲ့ဒီ့ အစည်းဝေးပွဲ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် ပထမဦးဆုံး လက်ခံကျင်းပတဲ့ အစည်းဝေးပွဲတယ်လို့ သိရပါတယ်။ ဟေဂယ်ဟာ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတွေကို ကာကွယ်ရေး ၀န်ကြီးအနေနဲ့ ပထမဦးဆုံးအကြိမ် အဖြစ် အလည်ပတ် သွားရောက် မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဟေဂယ်ဟာ အီဆူနိုရီ အိုနိုဒီရာ နဲ့ တွေ့ဆုံမှာဖြစ်ပြီး နှစ်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာတွေကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဟေဂယ်နဲ့ အိုနိုဒီရာတို့ဟာ မြောက်ကိုရီးယားအရေးနဲ့ ပတ်သတ်ပြီး ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေ ပူးပေါင်းဖို့အရေး ကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။ ပင်တဂွန်ရဲ့ သတင်းထုတ်ပြန်ချက်အရ အဆိုပါ ၃ နိင်ငံခေါင်းဆောင်တွေဟာ နယ်သာလန်နိုင်ငံမှာ အင်္ဂါနေ့က ကျင်း ပခဲ့တဲ့ ထိပ်သီးဆွေးနွေး ပွဲမှာလည်း ကာကွယ်ရေးဗျူရိုအဆင့်မြင့်အရာရှိ အဆင့် ဆွေးနွေးပွဲကို ဧပြီလ လယ်မှာ ၀ါရှင်တန်မှာ ကျင်းပဖို့ သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ 

No comments:

Post a Comment

back to top