Friday, March 28, 2014



သင်္ကြန်မှာ သီချင်းဆို ဖျော်ဖြေဖြစ်မှာမို့ ရင်ခုန်ပါတယ်လို့ ပြောတဲ့ နန်းသူဇာ

 



မဟာသင်္ကြန်နီးလာပြီဆိုတော့ ဘယ်အနုပညာရှင်တွေ ဘယ်မှာရှိမလဲဆိုတာ သိချင်နေကြပြီပေါ့နော်။ ပရိသတ်တွေ ချစ်တဲ့ အပြုံးချိုချိုနဲ့ ကောင်မလေး နန်းသူဇာကတော့ ဒီနှစ်သင်္ကြန်ကို သီချင်းတွေ သီဆိုရင်း ဖြတ်သန်းမှာပါတဲ့။ 

သူမရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်ကတော့ ‘နန်းသူဇာ ခုဆိုရင် သင်္ကြန်သီချင်းတွေကြားနေရတဲ့အတွက် အရမ်းကို ရင်ခုန်ပါတယ်။ ပြီးတော့ ဒီနှစ်က နန်းသူဇာ အလုပ်နဲ့ဆိုတော့ သီချင်းဆိုပြီးပါ ဖျော်ဖြေရမှာဖြစ်တဲ့အတွက်လဲ ပျော်နေပါတယ်။ 

မဏ္ဍပ်က မသေချာသေးဘူး။ နှစ်ယောက်က တူဖို့များပါတယ်။ ငယ်ငယ်တုန်းကတော့ ကားနဲ့ပဲလည်ရတာဆိုတော့ ခုပြန်လည်ချင်နေတယ်။ သင်္ကြန်မှာ နန်းသူဇာဝတ်မယ့် ဖက်ရှင်က ကလို့ခုန်လို့ကောင်းမဲ့ပုံစံမျိုးပေါ့။ အရမ်းအလက်အလက်တွေ ပါတာတွေလဲ နန်းသူဇာမကြိုက်ဘူး။ နောက်ပြီးတော့ နေလောင်ဒဏ်လဲ ကာကွယ်မဲ့ပုံစံလေးတွေပေါ့။ 

သင်္ကြန်အပြင်ထွက်ရင် ဖုန်းရယ်၊ ပိုက်ဆံရယ်၊ ရေစိုခံ ကာကွယ်မဲ့ဟာတွေ အကုန်လုံးပေါ့။ မိတ်ကပ်လဲယူသွားရမယ်။ ဖျော်ဖြေရေးပါမယ်ဆိုတော့လေ။ ပြီးတော့မျက်မှန်ပေါ့။ မိတ်ကပ်တွေရွှဲသွားရင် မျက်မှန်လေးနဲ့ကာမှာပေါ့။ ဒီနှစ်က အထိုင်ရမယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ မနှစ်ကတော့ သူများမဏ္ဍပ်တွေပါ လျှောက်လည်တာဆိုတော့လေ။ 

သင်္ကြန်မှာ ပရိသတ် အားလုံးဘေးမသီရန်မခဘဲ ပျော်ရွှင်နိုင်ကြပါစေလို့။ သင်္ကြန်ပြီးသွားရင်လဲ ကုသိုလ်တွေလုပ်ကြပါလို့ပြောချင်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ အမြဲတမ်းဘုရားသွားဖြစ်တယ်။ ငါးလွှတ်ကြတယ်။ ဒီနှစ်တော့ မသိသေးဘူးပါဘူး’ လို့ သူမက ပြောပါတယ်။

No comments:

Post a Comment

back to top