Monday, March 31, 2014

ဆွမ်ဆီး နောက်ခံလူ အက်ရှ်လေ၀ီလျံ အသင်းမှ ထွက်ခွာမည်

 

ဆွမ်ဆီး အသင်းမှ အသင်းခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံသည် လာမည့် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် အဆိုပါ ကစားသမားကို ဆွမ်ဆီး အသင်းအနေဖြင့် အသင်းမှာ ဆက်လက် ရှိနေစေရန် အတွက် အတော်ကို ကြိုးစားရတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နောက်ခံလူသည် ၂၀၁၁ ခုနှစ်တွင် ဆွမ်ဆီး အသင်းနှင့်အတူ ပရီးမီးယားလိဂ်သို့ တန်းတက်လာခဲ့ပြီး နောက်ပိုင်း အသင်းမှာ ခြေစွမ်းပြ ကစားနေသူ ဖြစ်သည်။ ဝေးလ် လက်ရွေးစင် ဆွမ်ဆီးအသင်းမှ အသင်း ခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံသည် အသင်းမှ ထွက်ခွာရန် မျှော်လင့်နေသည်။ ဆွမ်ဆီးအသင်းမှ အသင်းခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံသည် အသင်းသို့ ၂၀၀၈ ခုနှစ်တွင် ရောက်လာခဲ့ပြီး အသင်း အတွက်ကို ပွဲပေါင်း ၂၅၀ ကျော်ကို ကစားထားပြီး ယခုတွင် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်ရန် မျှော်လင့်နေသူ ဖြစ်သည်။ ဆွမ်ဆီး အသင်းမှ အသင်းခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံကို အာဆင်နယ် အသင်း အပါအ၀င် ပရီးမီးယားလိဂ်မှ ကလပ်အသင်း အများစုက စိတ်ဝင်စားနေသည်။ ဆွမ်ဆီးအသင်းမှ အသင်းခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံသည် အသင်းနှင့် လာမည့် ရာသီကုန်မှာ စာချုပ်ကုန်မည် ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ရှိနေပြီ ဖြစ်သော ၎င်းအနေဖြင့် အခြားသော ကလပ်အသင်း တစ်ခုမှာ ပြောင်းရွှေ့ ကစားရန်အတွက် လုံလောက်သည့် အချိန်မရ ဖြစ်မည်ကို စိုးရိမ်နေသည်။

No comments:

Post a Comment

back to top