Sunday, March 30, 2014

၂ဝ၁၄ ခုနှစ်အတွက် RBI မှ ချီးမြှင့်သည့် Debit Card ထုတ်လုပ်မှု ဆိုင်ရာ ဂုဏ်ပြုဆုကို CB Bank က ရရှိ

အာရှဒေသအတွင်းရှိ ဘဏ်များ၏ လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေရန် ဆန်းသစ် တီထွင် မှုများ၊ ကြိုးပမ်း အားထုတ်မှုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဘဏ် လေ့ လာစောင့်ကြည့်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သော Retail Banker International (RBI) မှ ငါးကြိမ်မြောက် ပေးအပ် ချီးမြှင့် သည့် Retail Banker International Asia Trailblazer Awards 2014 ဆုရရှိသော ဘဏ်များ ထဲတွင် မြန်မာနိုင်ငံမှ သမဝါယမဘဏ် လီမိတက် CB Bank သည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ၏ Debit Card ထုတ်လုပ်မှု ဆိုင်ရာ ဂုဏ်ပြုဆု ဖြစ်သည့် Product Excellence in Debit Cards (Highly Commended) ဆုကို ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Retail Banker International (RBI) သည် အာရှဒေသ အတွင်းမှ ဘဏ်များ၏ ဝန်ဆောင်မှု၊ နည်းဗျူဟာ၊ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်မှု အစရှိသည်တို့နှင့် ပတ်သက်၍ အကဲ ခတ် လေ့လာစောင့်ကြည့်ကာ လိုအပ်သော နည်းပညာများနှင့် အကူအညီများကို အထောက် အပံ့ ပေး လျက်ရှိသည့် အပြင် လွန်ခဲ့သော ငါးနှစ်ခန့်မှ စတင်ကာ Retail Banker International Asia Trailblazer Awards ဆုများအဖြစ် Service Excellence Awards, Strategy Excellence Awards, Product Excellence Awards, Channel Excellence Awards နှင့် Process Excellence Awards စသည် တို့ကို နှစ်စဉ် ပေးအပ် ချီးမြှင့်ခဲ့သည်။ အလားတူ ယခုနှစ်တွင်လည်း ဆုရရှိသော ဘဏ်များ စာရင်းအား  ထုတ်ပြန် ကြေညာကာ ဆုချီးမြှင့်ခဲ့ရာ၌ မြန်မာနိုင်ငံမှ CB Bank က ၎င်းဘဏ်မှ ထုတ်လုပ်ခဲ့သော Debit Card များအတွက် Product Excellence in Debit Cards (Highly Commended) ဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး Debit Card ထုတ်လုပ်မှု အကောင်းဆုံး ဆုကို စင်ကာပူ နိုင်ငံမှ DBS Bank မှ ရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် Credit Card ထုတ်လုပ်မှု အကောင်းဆုံးဆုကို ဖိလစ်ပိုင်နိုင်ငံမှ RCBC Bank က ရရှိခဲ့ပြီး Credit Card ထုတ်လုပ်မှု ဂုဏ်ပြုဆုကို စင်ကာပူနိုင်ငံမှ DBS Bank က ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top