Friday, March 28, 2014

ဇေယျာသီရိမြို့နယ်ြ ပည်ခိုင်ဖြိုးပါတီ လမ်းခင်းလုပ်အားပေး


ဇေယျာသီရိမြို့နယ် ကျောက်ဖျာအုပ်စု ရွာသစ်ကုန်းကျေးရွာနှင့် ချောင်းဖျားကျေးရွာသို့ ဆက်သွယ် သွားလာနိုင်ရန် အရှည် ငါးမိုင်သုံးဖာလုံရှိသော ကိုယ်ထူကိုယ် ထ မြေသားလမ်းဖောက် လုပ်ရာတွင် ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးရဲဝင်းနှင့်မြို့နယ်ပါတီ ကောင်မတီဝင်များ၊ ပါတီဝင်လူငယ်၁၁၀နှင့် ကျေးရွာပြည်သူ ၁၀၀တို့ပူးပေါင်းပြီး လမ်းချဲ့ခြင်းလုပ်ငန်း၊ ရေမြောင်းကျောက်စီခြင်းလုပ်ငန်းများကို ယခုလ ၂၂ ရက်နံနက် ၉ နာရီမှ မွန်းလွဲပိုင်းအထိ လုပ်အား ပေးခဲ့သည်။ ထို့နောက် ရွာသစ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတိုက်ဆရာတော် အား ပါတီဝင်လူငယ်များက န၀ကမ္မ၀တ္ထုငွေကျပ် ၃၀၀၀၀ လှူဒါန်းခဲ့ကြသည်။


No comments:

Post a Comment

back to top