Monday, March 31, 2014

ကိတ်အဲပစ် တောင်တက် စက်ဘီးစီးပြိုင်ပွဲမှာ မန်နန်နဲ့ ဟိုက်နက်တို့ အနိုင်ရ ဗိုလ်စွဲတဲ့ သတင်း

တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ ကိတ်အဲပစ်တောင်တက် စက်ဘီးစီးပြိုင်ပွဲမှာ ဂျာမနီနိုင်ငံသား ရောဘတ်မန်နန်နဲ့ ချက်နိုင်ငံသား ခရစ်တီယန်ဟိုက်နက်တို့က ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံဆုကို ရသွားပါတယ်။ အဆင့်(၇)ဆင့် ပြိုင်ရတဲ့ ဒီပြိုင်ပွဲမှာ သူတို့အတွဲက (၃၀)နာရီ(၃၁)မိနစ်(၅၉ဒသမ၂)စက္ကန့်နဲ့ ချန်ပီယံဆု ရတာပါ။ သူတို့နောက်မှာတော့ ခရစ်တို့ဆော်ဆာနဲ့ ဖရန်တီဆက်ရာဘွန်တို့က (၁၀)မိနစ် (၂၃ဒသမ၂)စက္ကန့်အကွာနဲ့ ဒုတိယရပြီး တင်ဘိုးမဲနဲ့ ဆိုင်မွန်စတိန်းဂျန်တို့က (၁၃)မိနစ် (၂၆)စက္ကန့်အကွာနဲ့ တတိယ ရပါတယ်။ နောက်ဆုံး အဆင့်ဖြစ်တဲ့ အဆင့်(၇)မှာတော့ တောင်အာဖရိက နိုင်ငံသားတွေဖြစ်တဲ့ မက်သီဘီကက်နဲ့ ဂတ်ဟိုင်းတို့က (၃)နာရီ(၀၂ဒသမ၃)စက္ကန့်နဲ့ ပထမရပါတယ်။

No comments:

Post a Comment

back to top