Monday, March 31, 2014


ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပဖို့ တိုက်တွန်းလိုက်တဲ့ ယာနူကိုဗစ်ရှ်
ယူကရိန်း တောင်ပိုင်းဒေသဖြစ်တဲ့ ခရိုင်းမီးရား အရေးကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်အတွင်းမှာ အဓိက ရုဏ်းတွေ ဖြစ်ပွါးခဲ့သလို ရရှားနိုင်ငံနဲ့လည်းနိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ သမ္မတဟောင်း ယာနူကိုဗစ်ခ်ျက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ သမ္မတဟောင်း ယာနူကိုဗစ်ခ်ျက ရရှားနိုင်ငံကသူ့ကို အကာအကွယ်ပေးမယ်လို့ ယုံကြည်ပြီး အခုလို ပြောကြားခဲ့ တာလည်း ဖြစ်ပါတယ်။ 

ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ ယူကရိန်း သမ္မတဟောင်း ဗစ်တာယာနူကိုဗစ်ရှ်ဟာ ယူကရိန်းနိုင်ငံ တွင်းက ဒေသတွေအားလုံးကို နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ ဖို့ သောကြာနေ့က ပြောဆိုခဲ့ပြီး  ယာနူကိုဗစ်ရှ်ရဲ့ ပြောကြားချက်ကို ရရှားသတင်းဌာနက ထုတ်ပြန် ကြေ ညာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယာနူကိုဗစ်ရှ်ဟာ ခရိုင်းမီးရားဒေသမှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကြားဖြတ် အစိုးရကို အပြစ်တင် ဝေဖန်ခဲ့ပါတယ်။

ကြားဖြတ်အစိုးရရဲ့ ပြုမှုလုပ်ဆောင်မှုတွေကြောင့် ရရှားက ခရိုင်းမီးရားဒေသကို ရရှားရဲ့ လက်အောက် ခံဒေသအဖြစ် ပြုလုပ်မှုတွေအထိ ပြင်းထန်သွားတာ ဖြစ်တယ်လို့လည်း ဝေဖန် ပြောကြားခဲ့ပါတယ်။ အဲဒီပြောကြားချက်ကို ရရှားက ခရိုင်းမီးရားအရေးကိစ္စကို ကြေညာတုန်းက ပထမအကြိမ်အဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။ ယာနူကိုဗစ်ရှ်ရဲ့ ပြောဆိုမှုကို ထုတ်လွှင့်ပြီးတဲ့နောက်ပိုင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရရှားနိုင်ငံထဲကို ၀င်ရောက်ဖို့ ပြုလုပ်ချက်တွေ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးအပ်ဖို့ တောင်းဆိုမှုတွေကို တိုးမြင့်လုပ်ဆောင်ခဲ့ကြပါတယ်။

အဲဒီဒေသတွေမှာ နေထိုင်သူတွေဟာ အများအားဖြင့် ရုရှားယိမ်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေကို ထိန်းသိမ်းရာရောက်သလို မေလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကိုလည်း ရှောင်ရှားရာရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရရှားခေါင်းဆောင်တွေကလည်း ယူကရိန်းကို အရှေ့ပိုင်းဒေသကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့အပြင် ဖယ်ဒရယ်စနစ်ကို ကျင့်သုံးသင့်ကြောင်း တိုက်တွန်းနေတယ်လို့ သိရပါတယ်။ 


No comments:

Post a Comment

back to top