Monday, March 31, 2014


ဂီနီနိုင်ငံမှ အီဘိုလာဗိုင်းစ်ရပ် ကူးစက်ရာမှ လူ ၇၀ သေဆုံး

အီဘိုလာဗိုင်းစ်ရပ်ပိုးကြောင့် ဂီနီနိုင်ငံ၌ အနည်းဆုံး လူ ၇၀ ခန့် သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဂီနီနိုင်ငံ ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ယင်းကဲ့သို့ တရားဝင်ထုတ်ပြန်ကြေညာ ချက်ကို ပြီးခဲ့သည့် စနေနေ့က ဂီနီမြို့တော် ကိုနာကရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂီနီနိုင်ငံ၏ ဝေးလံခေါင် ဖျား အရှေ့တောင်ပိုင်း၌ ရောဂါကူးစ်ခံရသူ အများအပြား ရှာဖွေတွေ့ရှိရသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း ဇန်န၀ါရီလမှ မတ်လအထိ သေဆုံးသူ ၇၀ အပါအ၀င် ရောဂါရှင် ၁၁၁ ဦး ထိရှိကြောင်း ၆၃ ရာခိုင်နှုန်းတို့မှာ သေလောက်သော ဝေဒနာများရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဂီနီနိုင်ငံအာဏာပိုင်များက လူဦးရေ နှစ်သန်းခန့် နေထိုင်လျက်ရှိသော မြို့တော်တွင် ရောဂါပျံ့နှံ့မည်ကို စိုးရိမ်းပူပန်လျက်ရှိသည်။ ကိုနာကရီမြို့ရှိ ဒိုနက်ဆေးရုံတွင် မကြာသေးမီကပင် ရောဂါရှိသူ လူနာ ၃၀၀ ခန့်ထိ လက်ခံထားရပြီး ရောဂါသည်များအား သီးသန့်ထားရှိသဖြင့် နောက်ထပ်ရောဂါသည် အရေ အတွက် လျော့နည်းလာပြီဟု သိရသည်။

ဆီနီဂေါနိုင်ငံကမူ ၎င်း၏ အရှေ့တောင်ပိုင်းရှိ ဂီနီနယ်စပ်ဒေသမှ အီဘိုလာဗိုင်းစ်ရပ်ဝင်ရောက်ပျံ့နှံ့မှု တားဆီရန် ပြီးခဲ့သည့် စနေနေ့က တရားဝင်ပိတ်ထားခဲ့သည်။

၎င်းအီဘိုလာဗိုင်းစ်ရပ်သည် သွေး၊ ချွေးချင်း ထိစပ်မိရာမှ တိုက်ရိုက်ကူးစက်နိုင်စွမ်း ရှိပြီး ရောဂါသည် အလောင်းကို လက်အိတ်မပါဘဲ ကိုင်တွယ်မှုတို့မှလည်း ကူးစက်နိုင်သည်။

No comments:

Post a Comment

back to top