Monday, March 31, 2014

ဆိုက်ဘာဝန်ထမ်း သုံးဆထပ်တိုးမယ်လို့ ပြောကြားလိုက်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး

အမေရိကန် ကာကွယ်ရေးဝန်ကြီး " ချက်ဟေဂယ် " ဟာ အမေရိကန် အစိုးရရဲ့ ဆိုက်ဘာလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် ဆိုက်ဘာ ကျွမ်းကျင်ဝန်ထမ်းတွေကိုထပ်တိုးခန့်အပ်မယ်လို့ ပြောကြားလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး " ချက်ဟေဂယ် " က အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန (ပင်တဂွန် စစ်ဌာနချုပ်)ဟာ လာမယ့်နှစ်အနည်းငယ် အတွင်းမှာ ဆိုက်ဘာဝန်ထမ်း အရေအတွက်ကို (၃)ဆ ထပ်တိုးဖို့ စီစဉ်ထားတယ်လို့ ပြောကြားထားပါတယ်။


ဟေဂယ်ဟာ ဆိုက်ဘာဝန်ထမ်းထပ်တိုးမယ့် အကြောင်းကို မေရီလင်းပြည်နယ်၊ ဖော့မိတ်မှာ သောကြာနေ့ က ကျင်းပခဲ့တဲ့ အမေရိကန် ဆိုက်ဘာဌာနမှူးလည်းဖြစ်၊ အမျိုးသားလုံခြုံရေး အေဂျင်စီဌာနမှူး လည်းဖြစ်တဲ့ ဗိုလ်ချုပ် " ကိတ်အလက်ဇန်းဒရား " တာဝန်က အနားယူတဲ့ အခမ်းအနား မှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ဟေဂယ်က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွန်ပျူတာတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုကို အဓိက ခံနေရပြီး၊ ၀န်ကြီးဌာနရဲ့ ဆိုက်ဘာစနစ်တွေဟာ ရန်သူတွေရဲ့ Scanned " စကန် " ဖတ်ရခြင်း ကို အကြိမ်(ငါးသောင်း)လောက် ခံခဲ့ရတယ်လို့လည်း ပြောကြားထားပါတယ်။

လက်ရှိမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆိုက်ဘာဝန်ထမ်း အရေအတွက်ဟာ (၁၈၀၀)ရှိနေပြီး  ၂၀၁၆ ခုနှစ်မှာ ကျွမ်းကျင် ဆိုက်ဘာဝန်ထမ်း(ခြောက်ထောင်)ကို ထပ်မံခန့်အပ်မှာ ဖြစ်တယ် လို့လည်း ဟေဂယ် က ပြောပါတယ်။ ဒါ့အပြင် ကာကွယ်ရေး ၀န်ကြီးဌာနဟာ နိုင်ငံပြင်ပမှာ လည်ပတ်နေတဲ့ အမေရိကန် ဆိုက်ဘာကွန်ယက်တွေကိုလည်း စောင့်ကြည့်ထိန်းချုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

back to top