Friday, March 28, 2014

ပြင်သစ်မှာ တရားစွဲခံနေရသည့် ဖေ့ဘွတ်၊ တွစ်တာနဲ့ ဂူဂဲလ်
လူမှုအင်တာနက် ၀က်ဘက်ဆိုက်တွေဖြစ်တဲ့ ဖေ့ဘွတ်၊ တွစ်တာနဲ့ ဂူဂဲလ်တို့ဟာ အချက်အလက်စီးဆင်းမှုနဲ့ပတ်သက်ပြီး သုံးစွဲသူတွေ ရှာထားတဲ့အချက်အလက် ရနိုင်တယ်၊ မရနိုင်ဘူး ဆိုတာကို အကြိမ်ကြိမ်သတိပေးတဲ့ ၀န်ဆောင်မှုမျိုး မလုပ်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံမှာ တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။
ဖေ့ဘွတ်စ်၊ တွစ်တာနဲ့ ဂူဂဲလ်တို့ရဲ့ အခက်အခက်စုဆောင်းရေး ပေါ်လစီကို အင်တာနက် အသုံးပြုသူတွေရဲ့ ပုဂ်္ဂိုလ်ရေးဆိုင်ရာတွေကို ထိခိုက်မှုနဲ့ ပြင်သစ်နိုင်ငံရဲ့ အင်တာနက်သုံးစွဲသူ လေ့ လာစောင့်ကြည့်ရေး ထိပ်တန်းအဖွဲ့တစ်ဖွဲ့က ဖေ့ဘွတ်စ်၊ တွစ်တာနဲ့ ဂူဂဲလ်ကို အင်္ဂါနေ့က တရားစွဲ ခဲ့တယ်လို့ သိရှပါတယ်။ ဒီလို တရားစွဲဆိုမှုကို စားသုံးသူပြင်သစ်သမဂ်္ဂအဖွဲ့ Que Choisir က ပြင်သစ်အထူးတရားရုံးမှာ အမှုဖွင့်ထားတာဖြစ်ပြီး ရန်လိုပြီး တရားမ၀င်တဲ့လုပ်ရပ် တွေကို လုပ်ဆောင်တဲ့အပြင် အင်တာနက်သုံးစွဲသူတွေကို အချက်အလက် ရရှိနိုင်တယ်။ မရရှိနိုင်ဘူး ဆိုတာမျိုးကို ပွင့်ပွင့်လင်းလင်း သတိပေးတာမျိုး မရှိခဲ့တာကြောင့် လူမှုအင်တာနက် စာမျက်နှာတွေ အခုလို တရားစွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

သုံးစွဲသူတွေကို ဒီလိုလျစ်လျူရှုထားတာကြောင့် တရားစွဲခံ ကုမ္ပဏီတွေကနေ ထွက်ထားတဲ့ အချက်အလက် အလွယ်တကူ မစီးဆင်းစေတဲ့ မူဝါဒတွေကို ပြစ်မှုထင်ရှားအောင် ဆုံးဖြတ်ပေးဖို့ကိုလည်း တရားလိုအဖွဲ့က ပြင်သစ်တရားသူကြီး တွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ "  ဂူဂဲလ်နဲ့ တွစ်တာတို့ရဲ့ ရှေ့နေဖြစ်သူ အလက်ဇန်းဒရားနယ်ရီ " ကတော့ တစ်လတာအကြာမှာမှ ဖြစ်လာနိုင်မယ့် တရားခွင်မှာစစ်ဆေး ကြားနာတာမျိုးတွေ မလုပ်သေးသရွေ့တော့ အခုလို တရားစွဲဆို ခံရတာကို တစ်စုံတစ်ရာဖြေရှင်း ချက်မပေးချင်သေးဘူးလို့ ပြောကြားထားပါတယ်။ ဖေ့ဘွတ်စ်ကိုယ်စားလှယ် တစ်ဦးကလည်း ဝေဖန်မှုတစ်စုံတစ်ရာ မပြောလိုသေးဘူးလို့ ပြောကြားထားပါတယ်။ ပြင်သစ်နိုင်ငံအပါအ၀င် ဥရောပနိုင်ငံတော်တော်များများဟာ လူမှုအင်တာနက် ၀က်ဘ်ဆိုက်တွေရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုသွားကြဖို့ ရှိတယ်လို့လည်း သိရပါသည်။


No comments:

Post a Comment

back to top