Monday, March 31, 2014

အင်္ဂလန် အသင်း အတွက် ကမ္ဘာ့ဖလားမှာ ပါဝင် ကစားနိုင်တော့မည့် ၀ီရှိုင်းယား

 

ဒိန်းမတ် အသင်းနှင့် အိမ်ကွင်း ခြေစမ်းပွဲမှာ ဒဏ်ရာ ရရှိခဲ့သည့် အင်္ဂလန် အသင်းနှင့် အာဆင်နယ်အသင်း ကွင်းလယ်လူ ၀ီရှိုင်းယားသည် လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အင်္ဂလန်အသင်း အတွက်ကို အင်ပြည့် အားပြည့် ပါဝင် ကစားမည် ဖြစ်ကြောင်း အာဆင်နယ် အသင်းနည်းပြ ၀င်းဂါးက ဆိုသည်။ အင်္ဂလန် အသင်းနှင့် အာဆင်နယ် အသင်း ကွင်းလယ်လူ ၀ီရှိုင်းယားသည် ရာသီမကုန်မီမှာပင် အာဆင်နယ်အသင်း အတွက်ကို ပြန်လည် ကစားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ လီဗာပူး အသင်းမှ ဒိန်းမတ် နောက်ခံလူ အဂ္ဂါနှင့် ထိခိုက်မိပြီး ခြေထောက် ဒဏ်ရာကို ရရှိခဲ့သည့် ၀ီရှိုင်းယားသည် လာမည့် ကမ္ဘာ့ဖလား အပါအ၀င် အာဆင်နယ် အသင်း၏ လက်ကျန် ပွဲစဉ်များကို လွဲချော်နိုင်ကြောင်း သတင်းကြီးခဲ့ဖူးသည်။ သို့သော် ယခုတွင် ၀ီရှိုင်းယားသည် အာဆင်နယ် အသင်း လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခန်းများ ပြုလုပ်နေပြီး အာဆင်နယ် အသင်း အတွက်ကို ရာသီ မကုန်မီမှာ ပြန်လည် ကစားနိုင်တော့မည့် အနေအထား ဖြစ်နေပြီ ဖြစ်သည်။ ယခုလို အကောင်းဆုံး အခြေအနေများ ဖြစ်နေသော်လည်း အာဆင်နယ်အသင်း ကွင်းလယ်လူ ၀ီရှိုင်းယားသည် ယခင်က အာဆင်နယ် အသင်းတွင် ဒဏ်ရာ ပြဿနာများနှင့် ရုန်းကန်ရလေ့ ရှိသောကြောင့် အာဆင်နယ် အသင်းသည် ၎င်းတို့ အသင်းမှ အဆိုပါ ကွင်းလယ်လူကို အလျင်စလို အသင်းအတွက် ထုတ်သုံးမည် မဟုတ်ပေ။

No comments:

Post a Comment

back to top