Monday, March 31, 2014


နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ရေတပ်တပ်ဖွဲ့ဝင်များ ပူးတွဲစစ်ရေးလေ့ကျင့်
သဘာဝဘေးအန္တရာယ် ကယ်ဆင်ရေးလုပ်ငန်းများတွင် ဒေသဆိုင်ရာ နိုင်ငံများအချင်းချင်း ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ယင်း အသင်း၏ ဆွေးနွေးဘက်နိုင်ငံများမှ ရေတပ်တပ်ဖွဲ့ဝင်များ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုတောင်တရုတ် ပင်လယ်တွင် မတ် ၂၉ ရက်က စတင်လိုက်သည်။
အာဆီယံနိုင်ငံများ၊တရုတ်၊အိန္ဒိယ၊ဂျပန်၊ နယူးဇီလန်၊ရုရှား၊တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု တို့မှ ရေတပ်တပ်ဖွဲ့ဝင်များ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ ဘာတန်ကျွန်း ၌ ကျင်းပခဲ့သည်။

No comments:

Post a Comment

back to top