Friday, March 28, 2014

တရုတ်နိုင်ငံကို သွားရောက်လေ့လာခဲ့ သည့် ပြည်ခိုင်ဖြိုးပါတီဝင် များ ပြန်လည်ရောက်ရှိ


တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားမှုဖြင့် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို သွားရောက်လေ့လာ ခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှပြည်ခိုင်ဖြိုးပါတီဝင် ၂၅ ဦးသည် မတ်လ(၂၇)ရက်နေ့ မွန်းလွှဲ ၂ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဝင်များသည် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေမှု၊ တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ လုပ်ဆောင်ချက်များကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ကရင်ပြည် နယ် အတွင်းရေမှူး ဦးစောထာလုံဦးဆောင်ပြီး လေ့လာရေးနှင့် ချစ်ကြည်ရေးခရီးသွားရောက် ခဲ့ခြင်းဖြစ် သည်။


ယခုခရီးစဉ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်ခဲ့ခြင်းကြောင့် ရရှိလာသောအတွေ့ကြုံ ဗဟုသုတများကို မိမိတို့ပါတီအဖွဲ့များနှင့် ပြည်သူများထံသို့ ပြတ်လည်ဝေမျှပေးသွားရန် အစီအစဉ်ရှိကြောင်း ၄င်းတို့၏ပြောပြချက်အရသိရသည်။
"တရုတ်နိုင်ငံကလဲ အခုသူတို့ဒီလောက်ဖွံ့ဖြိုးတိုးတက်နေတာ စက်မှုနိုင်ငံအနေနဲ့မပြောဘူး။ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံတွေနဲ့ပဲပြောတယ်။ သူတို့ပြုပြင်ပြောင်းလဲရေးလုပ်တာတွေက အတုယူဖို့ကောင်းပါ တယ်။ လေ့လာခဲ့တာ တွေကတော့ အစိုးရက ပြည်သူကို ဘယ်လိုစောင့်ရှောက်သလဲ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုမူဝါဒတွေ၊ နည်းလမ်းတွေသုံးသလဲဆိုတာ တွေကိုလေ့လာခဲ့ပါတယ်"ဟု ချင်းပြည်နယ် ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျုံးဘိခ်ကပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယခုလ ၁၈ရက်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စတင်ထွက်ခွာသွားပြီး တရုတ်ပြည်၌ ၁၀ ရက်ကြာ လေ့လာရေးခရီးတွင် ကူမင်းမြို့၌ ၁၈ရက်မှ ၂၀ ရက်၊ ဖူလ်မြို့၌ ၂၀ရက်မှ ၂၂ ရက် ၊ ရှန်ဟိုင်းမြို့၌ ၂၂ ရက်မှ ၂၇ ရက်အထိ လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment

back to top