Friday, March 28, 2014


လူ(၅)ဦးသေဆုံးခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ရုံးပေါက်ကွဲမှု
အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်စစ်သွေးကြွတွေဟာ ဧပြီလရွေးကောက်ပွဲကို ပျက်ပြားစေဖို့ အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ နိုင်ငံတကာကလည်း အာဖဂန်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ လုံခြုံရေး ချို့ယွင်းမှုကြောင့် ရွေးကောက်ပွဲ လုံခြုံရေး အတွက် ပေးပို့ ထားတဲ့သူတို့ရဲ့ တပ်တွေကို ပြန်လည် ခေါ်ယူနေတယ်လို့ သိရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော် ကဘူးလ်မှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံတစ်ရုံးဟာ သူပုန်တွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီး၊လူ(၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်သူတွေဟာ အင်္ဂါနေ့က ကော်မရှင် ရုံးအတွင်းဘက်ကို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းကို (၂)ကြိမ်ပစ်သွင်းခဲ့ ပြီးနောက် ရုံးအတွင်းကို ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သူပုန်တွေဟာ လုံခြုံရေး တပ်သားတွေနဲ့ (၄)နာရီကြာအောင် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ရဲတွေရဲ့ပြောပြချက် အရ သေဆုံးသူ(၅)ဦး ထဲမှာ ရွေးကောက်ပွဲ အရာရှိ(၂)ယောက်နဲ့ ပြည်နယ်ကောက်စီ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်သွေးကြွတာလီဘန်သူပုန် တွေက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ တာလီဘန်တွေ က သူတို့ဟာ ဧပြီလ(၅)ရက်မှာ ကျင်းပမယ့် သမ္မတရာထူး ရွေးကောက်ပွဲကို ပျက်စီးအောင်လုပ်မယ်လို့ အခုလိုအစောပိုင်းတုန်းက ကြေညာထားပြီး နိုင်ငံခြားသားတွေ တည်းခိုနေတဲ့ ဟိုတယ်တွေနဲ့ ရဲစခန်းတွေကို ပစ်မှတ်ထား တိုက်နေတယ်တာလည်း ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ လုံခြုံရေး အခြေအနေဆိုးရွား လာတာကြောင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဥရောပအဖွဲ့ဟာ အာဖဂန်နိုင်ငံအတွင်းမှာ ရှိတဲ့ ရွေးကောက်ပွဲလုံခြုံရေး ထောက်ပံ့ တပ်သား(၁၅)ယောက် ကို ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ထား တယ်လို့လည်း သိရပါသည်။

No comments:

Post a Comment

back to top