Sunday, March 30, 2014




ပျောက်ဆုံးမလေးရှားလေယာဉ်ပေါ်တွင် ပါသွားသူများ၏ မိသားစု များ မလေးရှားရောက်ရှိ မလေးရှား ၀န်ကြီးချုပ်နှင့်တွေ့ဆုံ ခွင့်ပေး ရန် တောင်းဆိုနေဟုဆို

ပျောက်ဆုံးနေသော လေယာဉ်ပေါ်၌ ပါသွားသောတရုတ်လူမျိုးများ၏ မိသားစုဝင်များသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိခဲ့ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်း ဆိုနေကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြထားသည်။

လေယာဉ်ပေါ်၌ ပါရှိသွားသော တရုတ်လူမျိုး ၁၅၃ ဦး၏ မိသားစုဝင်များသည် ပေကျင်းမြို့မှတစ်ဆင့် ကွာလာလမ်ပူမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မလေးရှားအစိုးရမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။ အဆိုပါ မိသားစုဝင်များသည် မလေးရှားလေဆိပ် ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားအစိုးရဘက်မှ အမှန်တတယ် ဖြစ်ပျက်သွားသော သတင်းအချက်အလက်များကို ဖုန်းကွယ်ထားသည်ဟု ယူဆကြောင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှ မလေးရှားအစိုးရ၏ တာဝန်ယူမှုနှင့် ဆိုင်သော ဆောင်ရွက်ချက်များမှာ မေးခွန်းထုတ်စရာ အခြေအနေသို့ ရောက်ရှိလာကြောင်း၊ မလေးရှားအစိုးရနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံမှ တိကျသော သတင်းအချက်အလက်များ ရရှိလိုကြောင်း၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် တွေ့ဆုံလိုကြောင်း၊ မလေးရှားဝန်ကြီးချုပ်အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များအား တောင်းဆိုမှုပြုလုပ်သင့်သည်ဟု ယုံကြည်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့တွင် သြစတြေးလျကမ်းခြေ ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့နှင့် တရုတ်ရေတပ်သင်္ဘောများသည် အစိတ်အပိုင်းသစ်များ တွေ့ရှိထားသည့် နေရာများ၌ ရှာဖွေမှုများ ပြုလုပ်နေကြောင်း မလေးရှားမီဒီယာများက ဖော်ပြသည်။ သြစတြေးလျကမ်းခြေ ကာကွယ် စောင့်ရှောက်ရေး တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရေပေါ်၌မျောပါနေသော အစိတ်အပိုင်းအချို့ကို ဆယ်ယူရန်ကြိုးစား လျက်ရှိပြီး လေယာဉ်ပျက်မှ အစိတ်အပိုင်းများဟု သက်သေပြနိုင်ရန် မသေချာဟု ပြောသည်။ မလေးရှားပို့ဆောင်ရေး ၀န်ကြီး ဟီရှာမူဒင်ဟူစိန်က သတင်းအချက်အလက် အသစ်မျး ရရှိထား သည်ဟု ပြောသည်။

No comments:

Post a Comment

back to top