Monday, March 31, 2014

အီဂျစ်တောင်ပိုင်းတွင် ရေနံဂိုဒေါင် ပေါက်ကွဲ ၁ဝ ဦးသေဆုံး
မတ် ၂၉ ရက် ညနေပိုင်းက ရေနံထွက် ကုန်ပစ္စည်းများ သိုလှောင်ထားသော ဂိုဒေါင်တစ်ခု၌ ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦး သေဆုံးပြီး အခြား ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MENA သတင်း အေဂျင်စီက မတ် ၃ဝ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ လူနေအိမ်များ မီးလောင်ကျွမ်း ခဲ့ကြောင်းနှင့် မီးသတ် သမားများက နောက်ပိုင်းတွင် မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။ ၎င်းဂိုဒေါင်သည် ရေနံထွက်ကုန်များ သိုလှောင်၍ မှောင်ခိုဈေးသို့ ရောင်းချရန် အသုံး ပြုသည့် ဂိုဒေါင်တစ်လုံး ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ အာဏာပိုင်များက စုံစမ်း စစ်ဆေးလျက်ရှိသည်။

No comments:

Post a Comment

back to top