Friday, March 28, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဌေးဦးသည် ၂၀၁၄ ခုနှစ်၊ မတ်လ(၂၃) ရက်နေ့ ည(၇) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များလိုက်ပါလျက် နတ်မှော်တိလောကဥသျှောင် ရှင်သာလျောင်းဘုရားသို့ ရောက်ရှိပြီး ဘုရားကြီးအား ဖူးမြော်ကြည်ညိုသည်။




၎င်းနောက် ဘုရားကြီးဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ ဘုရားကြီးတန်းဆောင်းတော်အပေါ်ရှိ သံစေတီတော်မြတ် ကြီး၏ ထီးတော်တင်ရန်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုပြီး ဘုရားကြီးဂေါပက ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်က လက်ရှိဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ထီးတော်တင် အခမ်းအနားအတွက် ကုန်ကျမည့် အလှူငွေများအား ပေးအပ်လှူဒါန်းရာ ဂေါပက ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင်က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top