Monday, March 31, 2014

ပွဲကြည့်စင်မှာ ပရိသတ်တစ်ဦး သေဆုံးလို့ ဆွီဒင်လိဂ်ပွဲကို ဖျက်သိမ်း လိုက်ရတဲ့ သတင်း

တနင်္ဂနွေနေ့က ဟဲလ်ဆင်ဘတ်မြို့မှာ ကစားတဲ့ ဆွီဒင်လိဂ် ဘောလုံးပြိုင်ပွဲမှာ ဂျာဂါဒင်အသင်းရဲ့ ပရိသတ်တစ်ဦး ဒဏ်ရာရပြီး သေဆုံးသွားလို့ ပထမပိုင်းမှာပဲ ပွဲကိုဖျက်သိမ်း လိုက်ရပါတယ်။ အိမ်ရှင်ဟဲလ်ဆင်ဘတ်နဲ့ ဂျာဂါဒင်အသင်းတို့ရဲ့ ရာသီအဖွင့် ပွဲစဉ်မှာ ပွဲမစခင်ကတည်းက နှစ်ဘက် ပရိသတ်တွေဟာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက် နေကြပါတယ်။ သေဆုံးသွားတဲ့ ပရိသတ်ဟာ အသက်(၄၃)နှစ်ရှိ အမျိုးသားဖြစ်ပြီး ပြိုင်ဘက် ပရိသတ်တွေပစ်တဲ့ အရာဝတ္ထုတစ်ခု ခေါင်းကိုထိပြီး ဒေသစံတော်ချိန် ညနေ(၂)နာရီခွဲလောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါတယ်။ သူ့ကို ဆေးရုံပို့ပေမယ့် သေဆုံးသွားပါတယ်။ ရဲ့အဖွဲ့က သူ့နာမည်ကို ထုတ်မပြောပါဘူး။ ဆွီဒင်မီဒီယာတွေက သူဟာ ကလေး(၄) ယောက် ဖခင်လို့ ဆိုပါတယ်။

No comments:

Post a Comment

back to top