Monday, March 31, 2014

နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - March 31, 2014

တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် မိန်ရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေမည်။ ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့် ဓနုရာသီ၌ တည်ရှိနေမည်။ တနင်္ဂနွေနှင့် တနင်္လာ ပူးယှဉ်မည်။ တနင်္လာနှင့် ယူရေးနပ်စ် ပူးယှဉ်မည်။ တနင်္လာမှ ကြာသပတေးသို့ ၉၀ံအမြင်၊ တနင်္လာနှင့် အင်္ဂါ အပြန်အလှန် ၁၈၀ံအမြင်၊ ပလူတိုမှ တနင်္လာသို့ ၉၀ံအမြင် ရှိထားသည်။ ရေ၀တီနက္ခတ် စန်းယှဉ်ပြီး ပြိဿ၊ မေထုန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရနှင့် မိန်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ မွေးမြူရေး ကိစ္စများ စတင်ခြင်း၊ အမွှေးနံသာ ကုန်ပစ္စည်းများ စတင် မိတ်ဆက် ဖြန့်ဖြူးခြင်း၊ ရေကြောင်း လုပ်ငန်းနှင့် သင်္ဘော ရေချခြင်း၊ အောင်မြင် တိုးတက်မှု ရယူလိုသော လုပ်ငန်းကိစ္စများ စတင်ခြင်း၊ ရွှေရတနာပစ္စည်း ၀ယ်ယူုဆောင်းမှု၊ ပုလဲ ရှာဖွေဖော်ထုတ်မှု၊ အလှကုန် -ဖက်ရှင် အသုံးအဆောင် ပစ္စည်းများ မိတ်ဆက်ဖြန့်ဖြူးခြင်း၊ ဖက်ရှင်နှင့် အလှပြင်ဆိုင် ဖွင့်လှစ်ခြင်း၊ အနုပညာ မိတ်ဆက် ဖြန့်ချီခြင်း၊ ထီကံစမ်းမှု ကိစ္စရပ်များ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၆၊ ၅၊ ၂


တနင်္ဂနွေသားသမီးများ
အောင်မြင်မှု အခွင့်အလမ်းများ မိမိအနီး ၀န်းကျင်၌ ရှိနေသည့် အချိန်ကာလ ဖြစ်သည်။

တနင်္လာသားသမီးများ
ကံကောင်း ကြီးပွား စန်းထ အောင်မြင်မှုများ တွေ့ကြုံလာမည့် အနာဂတ်နေ့ရက် ဖြစ်သည်။

အင်္ဂါနေ့သားသမီးများ
မိသားစုနှင့် ပတ်သက်၍ ကံကောင်းမည့် အခွင့်အရေးများ တွေ့ကြုံလာမည်။

ဗုဒ္ဓဟူးနေ့သားသမီးများ
ကျန်းမာရေး အညံ့နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုများ တွေ့ကြုံရတတ်သည်။

ကြာသာပတေးနေ့သားသမီးများ
ရွှေရောင် အောင်မြင်မှုများကြား မိမိ ရည်ရွယ်ချက်များ ပြည့်စုံ အဆင်ပြေမည်။

သောကြာနေ့သားသမီးများ
မောင်နှမသားချင်း အရေးကိစ္စများ အတွက် အတိုက်အခံ ပဋိပက္ခ တွေ့ကြုံတတ်သည်။

စနေနေ့သားသမီးများ
ငွေကြေး အခက်အခဲနှင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံရတတ်သည်။

ရာဟုနေ့သားသမီးများ
ကံအညံ့များ တွေ့ကြုံ ရင်ဆိုင်ရပြီး စိတ်လိုက်မာန်ပါ ဆောင်ရွက်မှုများ ရှောင်ကြဉ်ပါ။

 

တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် ပန်းရောင်၊ ဆင်စွယ်၊ အ၀ါ
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် ဆင်စွယ်၊ ပန်းရောင်၊ အနီ
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် အနီ၊ အ၀ါ၊ အပြာနု
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အပြာနု၊ အနက်
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အနီ၊ အဖြူ
သောကြာသားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အနက်၊ အပြာနု
စနေနေ့သားသမီးများ ၀တ်ဆင်ရန် အပြာနု၊ အ၀ါ၊ အစိမ်းနု
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် အဖြူ၊ အ၀ါ၊ အစိမ်းနု

No comments:

Post a Comment

back to top